ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

နေပြည်တော် ၂၈ မေ

 

(၂၀၂၀ ပြည့်နှစ်၊ မေလ (၂၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်။

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန