ပွင့်ဖြူမြို့နယ်၌ ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု ဆောင်ရွက်သွားမည်

ပွင့်ဖြူ ၊  ၁၄   ဇန်နဝါရီ      

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ရှိဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ဌာနခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကတော့ လမ်းလုပ်ငန်း ၁၀ ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၁၇ ခု၊ အုတ်ရေနုတ်မြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း ၁၂ ခုနဲ့ အခြားဖွံ့ဖြိုးရေးလုပ်ငန်း ငါးခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခုကို ရန်ပုံငွေကျပ် ၅၄၆ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း က ပြောပြသည်။

 

 

ရဲဝင်းနိုင် ( ညောင်ဦး )