ပင်းတယမြို့အတွင်းရှိဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပင်းတယ   ၂၅   နိုဝင်ဘာ  

 

လက်ရှိဖြစ်ပွါးနေသည့် ကိုဗစ်-၁၉ ရောကာကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမဖြစ်ပွါး စေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် တာဝန်ရှိသူများတို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

           

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများတို့က လက်ရှိဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကို ယခုလက်ရှိတွင် ပါဆယ်စနစ်သာခွင့်ပြုပေးထားသဖြင့် အဆိုပါ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ဗဟိုကော်မတီမှ  သတ်မှတ်ထားသည့်စည်းကမ်းချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလာပါက အဆင်သင့်ဖြစ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် လက်ဆေး ဘေစင်နှင့် လက်သန့်စင်ဆေးဗူးများထားရှိခြင်းရှိ/မရှိ၊ စားသုံးသူများအား တစ်ဦးနှင့်တစ်ဦးအကွာအဝေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း လည်းသိရသည်။

 

 

ခင်မျိုးနွယ်(ပင်းတယ)