ပန်းကြယ်သီးထိုးနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

ပုဗ္ဗသီရိ  ၂၄   ဇန်နဝါရီ

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက် ကျေးရွာနေပြည်သူများ အပိုဝင်ငွေရရှိစေရန်အတွက် ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေရွှေမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ သင်းတန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ စိတ်ပါဝင်စားသူ စုစုပေါင်း ဦးရေ ၃၀ တက်ရောက်ခဲ့ပြီး နည်းပြဆရာမဒေါ်ငြိမ်းအေးနွယ်က ကြိုးချုပ်နည်း၊ ပုစဉ်းခေါင်းသီး၊ စပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ နှာမောင်းပုံ၊ လိပ်ပြာပုံ၊ ခရုခွေပုံ၊ စကြာ်ပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့် ပန်းကြယ်သီးထိုးနည်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားသို့ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ရွှေရွှေမြင့်၊ ဥတ္တရခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသမီးများအသင်းမှတာဝန်ရှိသူများ၊ နေပြည်တော် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)