ပြန်လည်ဆုံစည်းခဲ့ကြတဲ့ Girls’ Generation အဖွဲ့ဝင်များ

မေ ၁၃

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတအဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Girls' Generation ဟာ အဖွဲ့ ဝင်တစ်ဦးချင်းစီ တေးဂီတလှုပ်ရှားမှုတွေ သီးခြားလုပ်ဆောင်နေတာကြောင့် အဖွဲ့လိုက်လှုပ်ရှားမှုတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် လတ်တလောမှာ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မန်နေဂျာ မင်္ဂလာပွဲမှာ တေးသီချင်းသီဆိုဖျော်ဖြေပေးဖို့ရာ ပြန်လည်ဆုံစည်းခဲ့ကြကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

သီဆိုဖျော်ဖြေ လတ်တလောပြုလုပ်ခဲ့တဲ့ အဖွဲ့မန်နေဂျာရဲ့ မင်္ဂလာအခမ်းအနားမှာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တစ်ဖန်နီမှလွဲပြီး ကျန်အဖွဲ့ဝင်တွေအားလုံး မင်္ဂလာသီချင်း သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

 

အဖွဲ့လိုက်ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆိုးယွန်က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး ဓာတ်ပုံနဲ့အတူ ပြန်လည် ဆုံစည်းခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းလည်း ထည့်သွင်းရေးသား ဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

အေးပြည့်