ပန်နန်းဒင်မြို့အ၀င်ရှိ လူကူးကြိုးတံတားတစ်စင်း မျောပါပျက်စီးခဲ့ရာ ဒေသခံများနှင့် ခရီးသွားလာသူများ အခက်အခဲကြုံနေရ

ပန်နန်းဒင်  ၂၇   စက်တင်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့ မြို့အ၀င်ရှိ နမ့်တမိုင်ချောင်းကူးကြိုးတံတားမှာ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ စက်တင်ဘာလ(၂၃)ရက်တွင် မျောပါပျက်စီးသွားကြောင်း သိရသည်။

 

၎င်းကြိုးတံတားမျောပါပျက်စီးခဲ့မှုကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားလာသူများ အခက်အခဲဖြစ်ကာ အမြန်ဆုံးတံတားသစ်ပြန်လည် ပြုလုပ်ပေးနိုင်ပါရန် မျှော်လင့်ပါကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

 

ထိုနမ့်တမိုင် လူကူးကြိုးတံတားမှာ အလျား(၃၇၅)ပေ၊ အနံ(၆)ပေခန့်ရှိ ပျဉ်ခင်းလူကူးကြိုးတံတား ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်‌ကြောင့်နမ့်တမိုင်ချောင်းကမ်းပါးပေါ်ရှိ ဈေးဆိုင်ခန်း(၃)ခန်းမှာ ရေမျောပါ ပျက်စီးသွားခဲ့ရာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)