ပြည်ကြီးမဏ္ဍိုင်အငြိမ့် ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ အောက်တိုဘာ ၂၉

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ “ပြည်ကြီးမဏ္ဍိုင် အငြိမ့်”    ဖျော်ဖြေပွဲကို အောက်တိုဘာ (၃၀)ရက်၊ စနေနေ့ ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို ဆိုင်းကော်လွင်နှင့်အဖွဲ့(ဆိုင်း)၏  တီးခတ်မှုနှင့်အတူ ခေါင်း ဆောင်မင်းသမီး သက်ရွှေစင်၊ ရှေ့ထွက်မင်းသမီး နန်းချယ်ရီ၊ လူရွှင်တော် များဖြစ်ကြသည့် လောင်ချာ၊ ဂျစ်တူး၊ တိုင်းကျော်နှင့် ပေါ်လာ တို့က    ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ (၃)ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)