ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင်  အောက်တိုဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်မြေအတွင်းရှိ အလယ်တန်း၊အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက အလကပြည်ကြီးမဏ္ဍိုင်ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့နယ် မြေအတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူပေါင်း (၈၈၃)ဦးရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး (ဘုတ်ပြင်း)ထံမှ သိရသည်။  

မျိုးလွင် (ပြန်/ဆက်)