ပြည်ကြီးတံခွန်မြို့နယ်၌ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသသူကို အမှုဖွင့်အရေးယူထား

နေပြည်တော်  ၆   ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဇူလိုင်လ ၅ ရက်က ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသသူကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် ရပ်ကွက်နေ သန့်ဇင်ကိုကို(၄၁)နှစ်သည် ရွာမရပ်ကွက်၌ “ခေတ်သစ်ဇီဝက” အမည်ဖြင့် ဆေးခန်း ဖွင့်လှစ်၍ ဆရာဝန်ဘွဲ့လက်မှတ်အတုဖြင့် ဆေးကုနေကြောင်းသတင်းအရ မြို့နယ် ကျန်းမာရေးဦးစီးဌာနအဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းအားမတွေ့ရှိဘဲ ၎င်း၏ ဆေးပညာဘွဲ့လက်မှတ် မိတ္တူ ၁ စောင်အားတွေ့ရှိ၍ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ဘွဲ့လက်မှတ်မှာ အတုဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ သန့်ဇင်ကိုကိုအား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်