ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်၌ ဂက်စ်အိုးပိုက်ပြုတ်ထွက်ရာမှ မီးလောင်မှုဖြစ်ပွား

ပြည် ၂၆ နိုဝင်ဘာ  

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက် ရတနာမဉ္ဇူရီပရဟိတသီလရှင်ကျောင်း (အနောက်ဘက်) ပစ်တိုင်းထောင်လမ်းရှိ ဦးခင်မောင်စိုး၏ ပစ်တိုင်းထောင်(ပေါင်မုန့်လုပ်ငန်း)  အဆောက်အအုံတွင် ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်က 20kg ဂက်စ်အိုးပိုက်ပြုတ်ထွက်ရာမှ တစ်ဆင့် သွပ်မိုး/သွပ်ကာ အဆောင်နှင့်် မော်တာ  (၄)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ စုစုပေါင်းမီးသတ်ယာဉ် (၁၅)စီးဖြင့် ခရိုင်မီးသတ်ဦးစီးမှူးနှင့်သန္ဓေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်းနှင့်် မီးလောင်မှုအား ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်း၌ တာဝန်ရှိသူများက အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြည်ခရိုင် (ပြန်/ဆက်)

 

 IMG-6ecf0f1eb53fa