ပြည်မြို့၌ ပေါင်မုန့်အလုပ်ရုံ ဂတ်(စ်)အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၂၇ နိုဝင်ဘာ 

ပဲခူးတိုင်းဒသကြီး၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာအပိုင်း၊ (၂) ရပ်ကွက်နေ ခင်မောင်စိုး (၃၅) နှစ် ပိုင်ဆိုင်သည့် “ပစ်တိုင်းထောင် ပေါင်မုန့်အလုပ်ရုံ” ၌ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ က ဂတ်(စ်)အိုးပေါက်ကွဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ၁၁ နာရီခွဲတွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား ၁၈ ပေ၊ အနံ ၂၅ ပေရှိ သွပ်မိုး၊ အုတ်ကာ အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် ခင်မောင်စိုးအား အမှတ် (၃) နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား