ပြည်ပမှ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၂၇၀ ကျော် အင်ဒိုနီးရှားနိုင်ငံ ဝယ်ယူ

ဂျကာတာ ၁၅ အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၇၁ သန်းကျော်ပေးပို့မည့် ကတိကဝတ်များ ရရှိခဲ့ပြီး ယခုနှစ်အကုန်တွင် ဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေသန်း ၃၀ အဆင်သင့် ရရှိမည်ဟု မျှော်မှန်းကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားသည်။

အဆိုပါ ဗိုင်းရပ်စ်ကာကွယ်ဆေးများကို တရုတ်ကုမ္ပဏီများဖြစ်သည့် Cansino၊ Sinovac နှင့် Sinopharm တို့မှ ထုတ်လုပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးပြန်လည် ကောင်းမွန်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးအဖွဲ့ကို ဦးစီးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက ပြောသည်။ ဗြိတိန်ဆေးဝါးကုမ္ပဏီ Astra Zenecaထံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေသန်း ၁၀၀ ဝယ်ယူရန် အစိုးရက ဆောင်ရွက်နေကြောင်း အဲလန်ဂါက ပြောသည်။ “ကျွန်တော်တို့ ဒီလအကုန်မှာ သဘောတူညီချက်ရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာသန်း ၂၅၀ ခန့် လက်ငင်းပေးချေမှာ ဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။ ။

လုပ်ဆောင်လျက်ရှိ လက်ရှိအချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၊ ကျန်းမာရေးဝန်ကြီး တီရာဝ်အေ ဂတ်စ်ပူထရန်တိုနှင့် နိုင်ငံပိုင်လုပ်ငန်းများဆိုင်ရာ ဝန်ကြီး အဲရစ်သိုဟီးတို့မှာ ဗိုင်းရပ်စ်ကာကွယ် ဆေး ဝယ်ယူရန် ပြည်ပသို့ သွားရောက်လျက်ရှိ

ကြောင်း ၎င်းက ပြောသည်။ ပြည်ပမှ ဗိုင်းရပ်စ် ကာကွယ်ဆေးများ ဝယ်ယူမှုအပြင် အစိုးရနှင့် ပြည်တွင်းဆေးကုမ္ပဏီ PT Bio Farma တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

ကျန်းမာရေးလုပ်သားများ၊ ဆေးဘက် အကူများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဗိုင်းရပ်စ်ကာကွယ်ဆေး ဦးစားပေး ထိုးပေးမည်ဟု ၎င်းက ဆိုသည်။

ကိုးကား-သည်ဂျကာတာပို့စ်

ဘာသာပြန်-ကျော်ထိုက်စိုး