ပြည်ပ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်

(၂၀-၉-၂၀၂၀ ရက်၊ ဆိုးလ်)

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ အမေရိကန်ပြည်ထာင်စုမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/သွားရောက်ရန် ကျန်ရှိနေပါသဖြင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် အပတ်စဉ် အင်္ဂါနေ့တိုင်း ပျံသန်းပြေးဆွဲနေသည့် ကယ်ဆယ်ရေးလေယာဉ်အပြင် မြန်မာသံရုံး၊ ဝါရှင်တန်နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ ညှိနှိုင်း၍ အထူးအစီအစဉ်အဖြစ် ၂၀-၉-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ၂၀-၉-၂၀၂၀ ရက်နေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၃၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ ခရီးသည် (၁၁၃) ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ခရီးသည် (၁၄) ဦး၊ စုစုပေါင်း (၁၂၇) ဦးတို့မှ စီးနင်း လိုက်ပါခဲ့ပါသည်။ အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါသည့် ခရီးသည်များ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

Crd - Ministry of Foreign Affairs Myanmar