ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်

(၂၇-၉-၂၀၂၀ ရက်၊ ဆိုးလ်)

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ အမေရိကန် ပြည်ထာင်စု၌ ရောက်ရှိ/ နေထိုင် နေကြသည့် မြန်မာနိုင်ငံသား အများအပြားသည် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/ သွားရောက်ရန် ကျန်ရှိနေပါသဖြင့် မြန်မာသံရုံး၊ ဝါရှင်တန်နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ ညှိနှိုင်းစီစဉ်၍ ၂၇-၉-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါလေယာဉ်သည် ၂၇-၉-၂၀၂၀ ရက်နေ့တွင် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၀၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံ သား (၁၀၈) ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၂၁) ဦး၊ စုစုပေါင်း (၁၂၉) ဦး တို့မှ စီးနင်းလိုက်ပါ ခဲ့ပါသည်။ အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါသည့် ခရီးသည်များ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှဝန်ထမ်းများသည် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar