ပြည်သူ့အထင်ကရ ပုဂ္ဂိုလ်ဆုကို ဂျနီဖာအင်နစ္စတန်ရရှိ

၁၃ နိုဝင်ဘာ

 

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ဂျနီဖာအင်နစ္စတန်ကတော့ နိုဝင်ဘာ ၁၀ ရက်ကကျင်းပခဲ့တဲ့ ပရိသတ်အကြိုက်ဆုံးဆုပေးပွဲမှာ ပြည်သူ့အထင်ကရပုဂ္ဂိုလ်ဆုကို လက်ခံရရှိသွားပါတယ်။ ဂျနီဖာရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ ရုပ်ရှင်တွေမှာ အတူတွဲသရုပ်ဆောင်တဲ့သူလည်းဖြစ်တဲ့ အဒမ်ဆမ်ဒလာ က ဒီဆုကိုကြေညာပေးခဲ့ပါတယ်။ ဒီဆုကိုကြေညာပေးတဲ့အခါ ပရိသတ်တွေ အားလုံးထင်ထားတဲ့ သူပါပဲဆိုပြီး ဂျနီဖာအင်နစ္စတန်ရဲ့နာမည်ကို ကြေညာပေးခဲ့ပါတယ်။ ဆုလက်ခံရယူပြီးတဲ့နောက်မှာတော့ ဂျနီဖာအင်နစ္စတန်က သူဒီဆုကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့အကြောင်းနဲ့ သူ့ကိုအားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ထောက်ခံသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ပရိသတ်တွေ လမ်းခင်းပေးခဲ့တဲ့အတွက်သာ သူဒီအလုပ်ကို လုပ်နိုင်ခဲ့တာဖြစ်ပြီး ရုပ်သံမှာလည်း ပြန်ပြီး သရုပ်ဆောင်နိုင်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။ သူနဲ့အတူ ခရီးရှည်ကြီးလျှောက်လှမ်းပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါ တယ်လို့ပြောပြီး နိဂုံးချုပ်ခဲ့ပါတယ်။ ဂျနီဖာအင်နစ္စတန်ရော၊ ဆမ်ဒလာပါ Murder Mystery ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့ကြပြီး အဲဒီဇာတ်ကားဟာ ၂၀၁၉ ခုနှစ်အတွက် ဟာသရုပ်ရှင်ဆုရရှိခဲ့ပါတယ်။

 

People