ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး မစ္စတာ တင်မ် အန်ဒါလင်အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၂ နိုဝင်ဘာ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တင်မ်အန်ဒါလင်အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆွစ်ဇာလန်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိနေမှု၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေမှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။         

(သတင်းစဉ်)