ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်း  

နေပြည်တော်   ဇန်နဝါရီ   ၂၁

 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တိုင်းဒေသကြီးများရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ စျေးကုန်း ကျောင်းတိုက်နှင့် အုန်းတောကျောင်းတိုက်တို့သို့ လည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ  မြို့ဦးတိုက်သစ် သံလမ်းကျောင်းတိုက်သို့ လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်သို့ လည်းကောင်း၊  ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ်တော်ကြီးကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်သို့ လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်