ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနား ဒုတိယပိုင်းနှင့် ဆွေးနွေးပွဲဆက်လက်ကျင်းပ

mdn

နေပြည်တော် ၂၂  နိုဝင်ဘာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနား ဒုတိယပိုင်းနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂(MICC-2)၌ ဆက်လက်ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အမှာစကားပြောကြား သည်။

 

ထို့နောက် McKinsey & Company ၏ Managing Partner Mr. Kaushik Das က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် Mega-Trends ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား သည်။

 

ယင်းနောက် The World Bank Group Myanmar၏ Head Economist, Mr. Hans Beck က မြန်မာ့စီးပွားရေးနှင့် အနာဂတ်အလားအလာများခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားပြီး The World Economic Forum၏ Head of Asia Pacific and Member of the Executive Committee, Mr. Justin Wood က စီးပွားရေးနှင့် စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က အမှာစကားပြောကြားပြီး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက သဘာပတိအဖြစ် ဆောင်ရွက်ကာ ဒုတိယဝန်ကြီး ဦးတင်လတ်၊ Thai Chamber of Commerce and Board of Trade of Thailand ဥက္ကဋ္ဌ Mr. Kalin Sarasin ၊ Serge Pun & Associates Ltd ၏ ဥက္ကဋ္ဌ Mr. Serge Pun နှင့် MyanShwePyi Tractors Ltd ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့က ယှဉ်ပြိုင်နိုင်စွမ်းရှိသော မြန်မာ့စီးပွားရေးကို တည်ဆောက် ခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးကြသည်။

 

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က အမှာစကားပြောကြားပြီး Sandanila Investments၏ Managing Partner ဒေါ်သီရိသက်မွန် က သဘာပတိအဖြစ်ဆောင်ရွက်ကာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ Japanese Chamber of Commerce and Industry Myanmar- Marubeni Cooperation ၏ ဒုတိယဥက္ကဋ္ဌ Mr. KunioNegishi ၊ China Enterprises for Chamber of Commerce in Myanmar ၏ ဒုတိယဥက္ကဋ္ဌ Mr. Gong Jingtaoနှင့် YGA Capital Ltd ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသူရကိုကိုတို့ကအနာဂတ်အတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

(သတင်းစဉ်)

 

mdn

 

mdn