ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့တွေ့ဆုံ

နေပြည်တော် ၂ ဇန်နဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ယူနီဆက် (UNICEF) မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi တို့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ တွေ့ဆုံသည်။

ဆွေးနွေးစဉ် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်ပါ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပြည့်ပြည့်၀၀ အကောင်အထည် ဖော်နိုင်ရေးအတွက် ယူနီဆက်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် UNICEF ၊ World Food Programme (WFP)၊ International Organization for Migration (IOM)၊ UNFPA တို့မှ ဆောင်ရွက်မည့် စီမံချက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ Social Assistance နှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများ၊ ရန်ကုန်မြို့တွင် Social Work Institute တည်ထောင်ဖွင့်လှစ်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မိခင်ဝိုင်းများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြသည်။

(သတင်းစဉ်)