ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း Industrial and Commercial Bank of China မှ President, Mr. GuShu နှင့် China Railway Construction Corporation (CRCC) ၏ Vice President , Mr. Wang Wenzhong တို့အား သီးခြားစီလက်ခံတွေ့ဆုံ

mdn

နေပြည်တော် ၂၂  နိုဝင်ဘာ

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် Industrial and Commercial Bank of China (ICBC) မှ President, Mr. GuShu နှင့် China Railway Construction Corporation (CRCC) ၏ Vice President , Mr. Wang Wenzhong တို့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

 

Mr. GuShu နှင့်တွေ့ဆုံစဉ် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံပိုင်ဘဏ် များသို့ ICBC ဘဏ် ကငွေရေးကြေးရေးပံ့ပိုးပေးနိုင်မှု၊ ICBC ဘဏ်ကရန်ကုန်မြို့တွင် သာမကဘဲ အခြားမြို့ကြီးများတွင် ဘဏ်ခွဲဖွင့်လှစ်ဆောင်ရွက်နိုင် ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးရေးအတွက် ICBC ဘဏ်ကပံ့ပိုးကူညီပေး နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးသည်။ 

 

Mr. Wang Wenzhong နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် CRCC က ပါဝင်ပံ့ပိုးပေးနိုင်မှု၊ ရန်ကုန်-ဒလတံတားတည် ဆောက်ရေးစီမံကိန်းတွင် CRCC က ပါဝင်ဆောင်ရွက်မှု၊ ပေါင်းလောင်း ဆည်မှရေကို နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသများသို့ ပေးဝေမည့် Water Treatment Plant တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးသည်။ 

 

(သတင်းစဉ်)