ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာအား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၄   ဖေဖော်ဝါရီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

63

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်၊ မေလ၌ Myanmar-Korea Joint Commission on Trade and Industrial Cooperation အစည်းအဝေးကျင်းပမည့်ကိစ္စ၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စ၊ အာမခံ လုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စ၊ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးအတွက် Textile Testing Center ထူထောင်၍ ပူးပေါင်းဆောင်ရွက် မည့်ကိစ္စ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရေးလုပ်ငန်း စဉ်ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံတွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် Myanmar Development Institute (MDI) ဖွင့်လှစ်နိုင်ရေး၊ Korea Knowledge Sharing Program ဖြင့် သင်တန်းများ ပံ့ပိုးပေးနေမှု၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကိုရီးယား သမ္မတနိုင်ငံမှ ပံ့ပိုးကူညီပေးမှု ဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ သည်။  

 

 

(သတင်းစဉ်)