ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ

articles_advs

နေပြည်တော် ၁၄ ဇန်နဝါရီ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်မှ အသက်မပြည့်စုဆောင်းမှုဖြင့် ပြန်လည်စေလွှတ်သူများနှင့် တိုင်းရင်းသားနယ်မြေများရှိ တိုက်ပွဲရှောင်ဒုက္ခသည်စခန်းများမှ မိသားစုနှင့် ကလေးသူငယ်များအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို စနစ်တကျစိစစ် ထုတ်ပေးနေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်စခန်းများ ဖျက်သိမ်းရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂနှင့် အလှူရှင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်လုပ်ငန်းများ ပိုမိုတိုးတက်လုပ်ဆောင်လာနိုင်မှုနှင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသောပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုများကို အကောင်းဆုံးထိန်းသိမ်းပြီး အမြန်ဆုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက် ရေးဥပဒေကို ကုလသမဂ္ဂပြဌာန်းချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီး ကလေးအလုပ်သမား ပပျောက်ရေးအတွက် (၅)နှစ်စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ခွင့် မရှိစေရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိပြီး စစ်ဆေးကြပ်မတ် ကြီးကြပ်ဆောင်ရွက်နေမများ၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထူထောင်ထားရှိမှုများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိပြီးပါက အဆိုပါဒေသများတွင် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း၊ တံတား၊ စာသင်ကျောင်းများ တည်ဆောက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အချက်အလက်များ ကိုက်ညီစွာထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်လျောက်ထားရာတွင် လွယ်ကူမြန်ဆန်ရန် လိုအပ်သည့်အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိပညာပေးဖြန့်ဝေ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ အဓမ္မခိုင်းစေမှုပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးကိစ္စရပ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။ 

သတင်းစဉ်