ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် ကိုးကန့်မိသားစု တိုင်းရင်းသားရိုးရာ ပျော်ပွဲရွှင်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

နေပြည်တော်   ၁၉   ဇန်နဝါရီ  

ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် ကိုးကန့်မိသားစု တိုင်းရင်းသားရိုးရာပျော်ပွဲရွှင်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်က တိုင်းရင်းသားများတွေ့ဆုံပွဲ၊ အမျိုးသားနေ့အခမ်းအနား၊ နှစ်သစ်ကူးအခမ်းအနားများကျင်းပရခြင်းသည် အနှစ်သာရအား ဖြင့် တိုင်းရင်းသားတို့၏ ဘာသာစကား၊စာပေ၊ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ များထိန်းသိမ်းနိုင်ရေးအတွက်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများပြုလုပ်ကြသည့် နေ့ထူး နေ့မြတ်အခမ်းအနားများကို အားပေးမှုများပြုလုပ်ပေးနေပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကပံ့ပိုးကူညီမှုများကိုလည်းယခင်ထက်ပိုမိုဆောင်ရွက်ပေးနေပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာထိန်းသိမ်းစောင့်ရှောက်ရေးကို ဆောင်ရွက်ပေးနေ သကဲ့သို့ အခွင့်အရေး များနစ်နာဆုံးရှုံးမှုမရှိစေရေးကိုလည်း (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပါကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို မိမိတို့ဝန်ကြီးဌာနက တာဝန်ခံ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်သူများ စိတ်ဝင်တစား အပန်းဖြေနိုင်ရန်နှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို လေ့လာသိရှိနိုင်ရန် ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)မှ ကိုယ်စားလှယ်တစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ကိုးကန့်တိုင်းရင်းသားတိုင်းရင်းသူများက ကိုးကန့်တိုင်းရင်းသား ရိုးရာ အက၊ တာကောအက၊ တာပေါင်ပန်းပေါက်ပွဲ ရိုးရာဓလေ့နှင့်  တောင်ပေါ်ရိုးရာသီချင်း တို့ဖြင့် လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယဉ်ကျေိးမှုအဖွဲ့က “သွေးချင်း တို့ဌာနေမြန်မာပြည်သီချင်း”နှင့်“ထာဝရမြန်မာတေးသီချင်းတို့ ဖြင့်လည်းကောင်း ဖျောိ်ဖြေ တင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်မှစ၍ လွှဲပြောင်းလက်ခံခဲ့ပြီး မူလရည်မှန်းချက်အတိုင်း ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ပါဝင်လာနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓါတ် ပိုမိုကိန်းအောင်းခိုင်မာလာစေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရေးအတွက် တိုင်းရင်းသားလူမျိုး များ၏ ပွဲတော်များကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ကျင်းပလျက်ရှိသည်။

 

‌ေ

 

ထို့အပြင် မိဘပြည်သူများ အပန်းဖြေနိုင်ရန် အပတ်စဉ်ဖျော်ဖြေရေးအစီအစဉ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက် မှု အပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ  ပူးပေါင်းဖျော်ဖြေတင်ဆက်မှုတို့ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” ကျင်းပမည့် ကျိုက္ကဆံကွင်း၌ ပွဲတော်ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀”ကို ယခင်နှစ်ကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ များ၊ ဝန်ကြီးဌာနများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တို့က ဦးဆောင်ကျင်းပ မည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော်ကြီးဖြစ် သော“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” ကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)