ပထမဆုံး မျက်နှာပြင်အောက်ကင်မရာ ပါဝင်လာပေမယ့် အားနည်းချက်ရှိနေတဲ့ Xiaomi Mix 4

Xiaomi Mix 4 ဟာ Xiaomi ကထုတ်တဲ့ ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးအနေနဲ့ မျက်နှာပြင်အောက်ကင်မရာ ပါဝင်လာတဲ့ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်အောက်ကင်မရာ နည်းပညာသစ်နဲ့အတူ ကမ္ဘာ့ ပထမဆုံး ၁၀၈ မဂ္ဂါပစ်ဇယ်ကင်မရာ၊ Snapdragon 888 CPU ၊ 120W အမြန်အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ အပါအဝင် မြင့်မားတဲ့ အခြားစွမ်းဆောင်ရည်တွေလည်း ပါဝင်နေတဲ့ တန်ဖိုးမြင့်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Mi Mix 4 ကို တရုတ်နိုင်ငံတွင်း ဈေးကွက်မှာ သြဂုတ်လကုန်ပိုင်းက စရောင်းပေမယ့် ပြည်တွင်းဈေးကွက်ထဲကိုတော့ အောက်တိုဘာ လကုန်ပိုင်းမှ ဝင်ရောက်လာတာဖြစ်ပါတယ်။ Mi Mix 4 ဖုန်းရဲ့ အဓိက အချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

mdn

 

Xiaomi ရဲ့  Mi Mix  ဖုန်းစီးရီးတွေဟာ စွမ်းဆောင်ရည်မြင့်သလို Mix 4 ဟာလည်း စွမ်းဆောင်ရည် ပိုင်းမှာ အထူးကောင်းမွန်ပေမယ့် ပထမဆုံး နည်းပညာသစ်ဖြစ်တဲ့ မျက်နှာပြင်အောက် ကင်မရာပိုင်းမှာတော့ အားနည်းချက်တွေရှိနေတယ်လို့ နိုင်ငံတကာက သုံးသပ်ချက်တွေအရ သိရပါတယ်။ ၂၀ မဂ္ဂါပစ်ဇယ် ဆယ်လ်ဖီကင်မရာဟာ ပုံမှန်ဆိုရင် အရည်အသွေးအကောင်းဆုံး ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ရမှာ ဖြစ်ပေမယ့် ဒီဖုန်းမှာတော့ မျက်နှာပြင်အောက်ကင်မရာ နည်းပညာက အဆင်မပြေသေးဘဲ ဆယ်လ်ဖီကင်မရာရဲ့ ပုံထွက်အရည်အသွေးဟာ ရှိသင့်တာထက် နိမ့်နေတယ်လို့ နိုင်ငံတကာ သုံးသပ်ချက်တွေက ဆိုထား ပါတယ်။ ဈေးနှုန်းက လက်ရှိ ပြည်တွင်းဈေးကွက်မှာတွေ့ရတဲ့ 8/256 ဖုန်းအတွက် ကျပ် ၁၅ သိန်းကျော်ဖြစ်ပါတယ်။

ကိုစိုး