ပုဗ္ဗသီရိမြို့နယ်၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပုဗ္ဗသီရိ ၂၂ ဖေဖော်ဝါရီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၌ ယနေ့မွန်းလွဲ ၂ နာရီခန့်က ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

           

ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက် စစ်တောင်း (၁၂) လမ်း ပိုင်ရှင်ဒေါ်မြတ်မိုးအေး (ခ) ပေါကြည်မ (၃၆)နှစ်၏ အိမ်တွင် ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်း၊ ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးညီညီဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

6+

           

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသော ဒေါ်မြတ်မိုးအေး (ခ) ပေါကြည်မအား ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)