ပုဂံဒေသရှိ စေတီပုထိုးများသို့ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်မှု တစ်ရက်လျှင် ၄၅၀ ခန့် ရှိလာ

ညောင်ဦး     ဇူလိုင် 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကိုဗစ်-၁၉ ရောဂါစတင်ကာ ကွယ်ထိန်းချုပ်ချိန်မှစတင်ကာ လာရောက်လည်ပတ်သည့်ဘုရားဖူးဧည့်သည် မရှိခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၄၅၀ ခန့်ဝင်ရောက်မှု ရှိလာကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ၊ (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်)သည် ဆယ်နှစ်ရာသီကာလပတ်လုံး ပြည်တွင်းပြည်ပခရီးသွား များအမြဲမပြတ် ရှိခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရ၊တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ၊စေတီ၊ ဘုရား၊ပုထိုး၊ သာသနိက အဆောက်အအုံများ လာရောက်လည်ပတ်ခွင့်၊ ဖူးမြော်ခွင့်များ ပိတ်ထားခဲ့ရာမှ ယခုအခါ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရားများဖူး ဖူးမြော်ခွင့်အား နံနက် နာရီမှ ညနေ နာရီအထိ ဖူးမြော်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

ဘုရားဖူးဧည့်သည်များသည်  တနင်္လာနေ့မှ သောကြာနေ့များတွင် ၄၅၀ ခန့်ပုံမှန် လာရောက်ဖူးမြော်ကြပြီး၊ စနေ၊ တနင်္ဂနွေရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ၁၂၀၀ ကျော်  လာရောက်ကြကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

2

 

3

 

4

 

5