ပုဂံမြို့ဟောင်း ယွန်းကောလိပ် စာသင်ဆောင်ပေါ်သို့ ကုက္ကိုပင်လဲကျမှုဖြစ်

ညောင်ဦး  ၂၇  မေ

 

           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ယွန်းကောလိပ်ဝန်းအတွင်းရှိ စာသင်ဆောင်ပေါ်သို့ ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျ၍ စာသင်ဆောင်အဆောက်အဦရှိ သွပ်ပြား ၁၅ ချပ်ခန့် ပျက်ဆီးခဲ့ကြောင်း သိရသည်။

 

 

ကုက္ကိုပင်လဲကျရာရာနေရာသို့ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၅) နယ်မြေ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြင်းကပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

ကျော်မင်းဦး(ရေနံချောင်း)