ပုံဆွဲ(၂) ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူး  ၈ ဇန်နဝါရီ

ပုံဆွဲ (၂) ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်မှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်မှ သင်တန်းတွင်ပို့ချပေးမည့် ဆည်မြောင်း အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များ၊ ဝန်ထမ်းစည်းမျဉ်းဆိုင်ရာဘာသာရပ်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား ဇန်နဝါရီ ၇ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)

 

mdn