ပူတာအိုခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်သတ္တု (သဲ/ကျောက်) ထုတ်လုပ်ခွင့် လိုင်စင် လျောက်ထားမှုများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပူတာအို  ၂၂  အောက်တိုဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာ များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ပူတာအိုနှင့် မချမ်းဘော့မြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်သတ္တု(သဲ/ကျောက်) ထုတ်လုပ်ခွင့် လိုင်စင်လျောက်ထားမှုများအပေါ် ထုတ်လုပ်ခွင့် လိုင်စင်များကို ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်လုပ်ခွင့်ပြု ပေးနိုင်ရေးအတွက် အောက်တိုဘာ(၂၁)ရက် မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

mdn

 

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့နယ်အတွင်းရှိ သဲ၊ကျောက် ထုတ်လုပ်ခွင့် လျောက်ထားသည့်နေရာ (၁၉)နေရာနှင့်မချမ်းဘော့မြို့နယ်အတွင်း တစ်နေရာတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး အဆိုပါသက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် မြစ်ချောင်းများတိမ်ကောမှု မဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးနှင့် နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ရရှိစေရေးအတွက် ဓာတ်သတ္တု (သဲ၊ကျောက်) ထုတ်ယူခွင့် လိုင်စင်များအား လုပ်ငန်းရှင်များသို့ ဥပဒေ၊ နည်း ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြု လိုင်စင်များထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)