ရွာဇော်ကြီး ရုပ်ရှင်ကို ဖေဖော်ဝါရီ ၂၇ ရက်၌ တစ်ပြည်လုံးတွင် ရုံတင်ပြသမည်

ရန်ကုန်  ၂၃  ဖေဖော်ဝါရီ

ရွာဇော်ကြီး ရုပ်ရှင်အထူးပွဲကို ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ယမန်နေ့ ညပိုင်းက ရုံတင်ပြသပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည်ဖြစ်ကြေင်း သိရသည်။

ဤရုပ်ရှင်တွင် ဇာတ်လမ်း/ဇာတ်ညွှန်း ကိုကျော်၊ ဒါရိုက်တာ ကျော်ဇောလင်း၊ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ နေနော်၊ ယွန်းရွှေရည်၊ ပေါ်လေး၊ ဟိန်းမင်း၊ ငှက်ပျောကြော်၊ ကောင်းစံ၊ ကျင်ဝှက်၊ မျောက်ရှုံး၊ ကြာစိ နှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပြီး လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

 

0915

 

“ဒီကားထဲမှာ ကျွန်တော်က အလတ်ကောင်ပါ၊ ဇာတ်ကားက ဘာမှပြောစရာမလိုပါဘူး၊ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အားပေးခဲ့တယ်၊ ကျွန်တော်တို့ကိုလည်း လက်တွဲခေါ်ခဲ့တဲ့ ဒါရိုက်တာဆိုတော့ တစ်ကားလုံးကို ပိုင်နိုင်စွာရိုက်မိမှာပါ၊ ကာရိုက်တာရဲ့ အယူအဆပုံစံအရ ဆေးပြင်းလိပ်နဲ့ပါ၊ ရုံတင်တဲ့အခါ ပရိသတ်ကြီးကို အားပေးစေချင်ပါတယ်” ဟု သရုပ်ဆာင် နေတိုး က ပြောသည်။ 

 

4454

 

“ဒီကားထဲမှာ ကာရိုက်တာက ထုံထုံအအပုံစံဖြစ်အောင် ငယ်ငယ်ကတည်းက မျက်စိမှုန်လို့ မျက်မှန်အထူကြီးနဲ့ လိုက်အောင် ဆံပင်အရှည်အတုကြီးနဲ့ ပြင်ထားတာ၊ ဇာတ်ကားမှာ အမှတ်တရကတော့ အဲ့ကားကို ပုပ္ပားကို နှစ်ခေါက်ပြန်တက်ပြီး ရိုက်ရတာပဲ၊ ရွာတွေမှာရိုက်ရတာ ပျော်ဖို့ကောင်းပါတယ်၊ plot တွေကလည်း ရယ်ရတယ်၊ dialogue တွေကလည်း ရယ်ရတယ်” ဟု သရုပ်ဆာင် အိန္ဒြာကျော်ဇင် က ပြောသည်။

သန့်ဇင်ဝင်း