ရွာငံဒေသရှိ မြသပိတ်ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်သို့ ယခုနှစ်ဆန်းပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီးသွား ၀င်ရောက်မှု ပိုမိုများပြားလာ

ရွာငံ      ၁၀   ဇန်နဝါရီ    

           

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ တောကျယ်ကျေးရွာအတွင်းရှိ လိမ္မော်သီးစားသုံးသည့် ထူးဆန်းသော ငါးများရှိရာ မြသပိတ်ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်သို့ ယခုနှစ်ဆန်းပိုင်းတွင် လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုများပြားလာကြောင်း ဒေသခံတိုင်းရင်းသားများက ပြောကြားသည်။

 

၁

 

အဆိုပါဒေသသို့ လာရောက်ကြသည့် ခရီးသွားများသည် ရွာငံမြို့ မြင်းကျဒိုးကျေးရွာအုပ်စုအတွင်းရှိ အမြင့် ၅၈၂ ပေ မြင့်သော မိန်းမရဲသခင်မတောင်ပေါ်ရှိ စေတီပုထိုးများကို လေ့လာဖူးမြော်ကြကာ တောင်ထိပ်ပေါ်မှ အရပ်ရှစ် မျက်နှာရှိ သဘာဝတောတောင်ရှုခင်းများနှင့် စိုက်ခင်းများအား ကြည့်ရှုခံစားကာ အမှတ်တရဓာတ်ပုံများရိုက် ကူးကြသည်။

 

ထို့ပြင် အဆိုပါရွာငံဒေသ တောကျယ်ကျေးရွာအနီးရှိ အပြာရောင်သမ်းနေသည့် မြသပိတ်ရေပြာအိုင်သို့ သွား ရောက်ကာ လိမ္မော်သီးများကို နှစ်သက်စွာ စားသုံးသည့် အမျိုးအမည်မသိသေးသော ထူးဆန်းသည့် ငါးများကို လိမ္မော်သီးများကျွေး၍ လေ့လာကြည့်ရှုကာ ၎င်းရေပြာအိုင်အနောက်ဘက်ရှိ ချောက်ကမ်းပါးယံတွင် စီးဆင်းနေသော တောကျယ်ရေတံခွန်အောက်ခြေရှိ ရေကန်ငယ်အတွင်း ရေကစားခြင်းနှင့် အလှဓာတ်ပုံရိုက် ကူး ခြင်းများဖြင့် ပျော်ရွင်စွာအပန်းဖြေကြကာ အဆိုပါဒေသရှိ ဓနုတိုင်းရင်းသားများ ရောင်းချသည့် ရိုးရာဒေသ ထွက်ကုန်သီးနှံများ အစားအစာများနှင့် အဝတ်အထည်များကို အမှတ်တရ ဝယ်ယူလျက်ရှိကြသည်။

 

“ဒီဒေသမှာရှိတဲ့ တောင်ပေါ်ဘုရားတွေနဲ့ ရေပြာအိုင်က ထူးဆန်းတဲ့ငါးတွေကို ဖူး‌မြော်လေ့လာကြည့်ရှု့ဖို့ ခရီး သွားတွေ လာရောက်လေ့ရှိကြပေမယ့် ယခုနှစ်ပထမပတ်အတွင်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက် မှုက သိသိသာသာ တိုးတက်လာတာတွေ့ရတယ်။ လာရောက်သူတွေအနေနဲ့ ရေပြာအိုင်ကထူးဆန်းတဲ့ သဘာ၀ ငါးတွေကို လေ့လာကြည့်ရှုကြတယ်။ ဒါ့အပြင် ဒီဒေသက သဘာဝအရင်းအမြစ်တွေလည်း ပေါများပြီး တော တောင်ရှုခင်းတွေကလည်း သာယာတဲ့အပြင် ရာသီဥတုကလည်း အေးချမ်းနေတဲ့အတွက် ဘုရားဖူးခရီးစဉ် သာမက အပန်းဖြေအနားယူဖို့လည်း အင်မတန်ကောင်းပါတယ်။ ဒါကြောင့်လည်း ခရီးသွားဝင်ရောက်မှုက သိသိသာသာတိုး တက်လာတာပါ”ဟု ဒေသခံ ဓနုတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုကြည်စိုးထွန်းက ပြောသည်။

 

၅

 

အဆိုပါဒေသရှိ ဘုရားဖူးအပန်းဖြေနေရာများသို့ ကလော-အောင်ပန်းမှတစ်ဆင့် ပင်းတယမြို့နယ် ကျုံးကျေးရွာ လမ်းခွဲမှလည်းကောင်း၊ တောင်ကြီး-ဟဲဟိုးကားလမ်းမှတစ်ဆင့် ဟဲဟိုး-ဘော်ဆိုင်းလမ်းသို့ ဖြတ်သန်းပြီး ပင်းတ ယ-အောင်ပန်း ကားလမ်းမှလည်းကောင်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)