ရေဓာတ်များများပြည့်ဝစေနိုင်မယ့်နည်းလမ်းများ

ရေဓာတ်ကို ဘာကြောင့် သင်လိုအပ်သလဲ

 

လူ့ခန္ဓာကိုယ်ကို (၆၀)ရာခိုင်နှုန်းသောရေဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာ သင့်ခန္ဓာကိုယ် အတွက် အလွန့်အလွန်ကို အရေးကြီးပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈)ခွက် ကနေ (၁၀)ခွက်အထိ သင့် ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေး သင့်ပါတယ်။ ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ရှင်းပါတယ်။ ရေဓာတ်မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်း တော့ ဘူး။  အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူးစတဲ့ အဖြစ် တွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ် ထားတဲ့ ရေပမာဏအတိုင်း သောက်ဖြစ်ဖို့မလွယ်ပါဘူး။ အလွန်ပျင်းစရာကောင်းသလို အလုပ်ပိုတစ်ခုလို လည်းဖြစ်နိုင်ပါသေးတယ်။  အောက်မှာပြောပြမယ့် နည်းလမ်းတွေကတော့ ဒီပြဿနာကို ဖြေရှင်းလို့ရနိုင်တဲ့ အရာတွေပါ။

 

(၁)    သင်ကြိုက်နှစ်သက်တဲ့အရသာတစ်မျိုးထည့်လိုက်ပါ။   ဥပမာ သခွားသီး၊ စတော်ဘယ်ရီသီး၊ ဂျင်း နဲ့ လီမွန်ရည်တစ်စက်နှစ်စက်စသည်ဖြင့် ထည့်လိုက်ခြင်းဟာ သင့်အတွက်သောက်ချင်စဖွယ် အရသာ လေးဖြစ်လာစေမှာပါ။ အသီးဖျော်ရည်မဟုတ်ဘဲ အသီးကို အလုံးလိုက် အရသာ အနည်းငယ် ပါအောင်ထည့် လိုက်တာကို ဆိုလိုတာပါ။

 

(၂)    အစပ်ထည့်ထည့်စားပါ။ သင့်ရဲ့အစားအစာထဲကို အစပ်အနည်းငယ်ထည့်စားတာဟာ သင့်ကို ရေပိုမိုဆာစေနိုင်ပါတယ်။ ရေဆာလာတဲ့အခါ သင်ရေများများသောက်လာစေမှာပါ။ သင်ဟာ အပူအစပ်မစားနိုင်တဲ့ သူဆိုရင်တော့ ဒီအချက်ကို ကျော်လိုက်ပါနော်။

 

(၃)    ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ်သတ်မှတ်လိုက်ပါ။     မနက်အိပ်ရာနိုးနိုးချင်း၊ ညအိပ်ရာမဝင်ခင်၊ အစား မစားခင်၊ အစားစားပြီး၊ လေ့ကျင့်ခန်းမလုပ်ခင်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန် စသဖြင့် သင်တစ်ခုခု မလုပ် ခင်နှင့် လုပ်ပြီးမှရေတစ်ဖန်ခွက် ပှံမှန်သောက်တာမျိုးကို အကျင့်လုပ်လိုက်ပါ။

 

(၄)    ရေဘူးကြီးကြီးသုံးပါ။   ။ရေဘူးကြီးကြီးထဲက ရေအများကြီးကိုသင်မြင်နေရတာဟာ သင့်ကိုရေ သောက်ချင်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

 

(၅)    Water application သုံးပါ။     (သို့မဟုတ်) Reminder သတိပေးချက်သဘောမျိုး ဖုန်းထဲမှာ Alarm ပေးထားလိုက်ပါ။ သင့်အလုပ်ရှုပ်နေတဲ့အခါမျိုးမှာ ရေကိုမသောက်မိဘဲနေပါလိမ့်မယ်။ Alarm ထမြည် လာတဲ့အခါရေသောက်မိမှာပါ။

 

(၇)    ရေဓာတ်ပြည့်ဝတဲ့အသီးတွေကိုစားပေးပါ။      သခွားသီး၊ ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေမှာရေ ဓာတ်ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒီလိုအရသာလည်းရှိတဲ့အသီး အနှံတွေကိုစားပေးမယ်ဆိုရင် သင့် ခန္ဓာကိုယ်အတွက် ရေဓာတ်အလိုလိုဖြည့်ပြီးသားဖြစ်သွားမှာပါ။

 

(၈)    ရေဆာရင်ရေပဲသောက်ပါ။      ရေဆာလာတဲ့အခါ အချိုရည်တွေမသောက်လိုက်ပါနဲ့။ ရေတစ်ခု တည်းကိုပဲ ဦးတည်ပြီးသောက်လိုက်ပါ။ ရေဆာပြေသွားနိုင်တဲ့ အပြင်သင့်အတွက်လည်း အလွန် အကျိုးရှိပါတယ်။

 

ရေးသားသူ – ဒေါက်တာမှူး

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”