ရေကြောင်းပို့ဆောင်ရေးမြစ်ဝကျွန်းပေါ်ဌာနခွဲမှ ဘဏ္ဍာနှစ်လျာထားဝင်ငွေထက်ကျော်လွန်ရရှိ

mdn

ဖျာပုံ  ၃  မေ 

 

 

“များများသယ်၊ မြန်မြန်ပို့၊ ပြည်သူစိတ်ချမ်းသာဖို့” ဆောင်ပုဒ်နှင့်အညီ ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် လျာထားဝင်ငွေထက်ကျော်လွန်ရရှိခဲ့ကြောင်းသိရသည်။

 

 

မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လျာထားဝင်ငွေမှာ ငွေကျပ် ၁၈၅၆ ဒသမ ၁၀ဝ သန်း ဖြစ်ပြီး အမှန်တကယ်ရရှိဝင်ငွေမှာ ငွေကျပ် ၁၈၆၇ဒသမ ၉၁၁ သန်းရရှိခဲ့သဖြင့် လျာထားချက် ထက်ကျော်လွန်ရှိခဲ့ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲ မန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။

 

 

မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအနက် ပန်းဆိုးတန်း-ဒလကူးတို့ ရေယာဉ်နှင့် ဝါးတန်း(ရန်ကုန်)-ဒလကားကူးဇက်ရေယာဉ်လုပ်ငန်းများ ဖြစ်ကြောင်းသိရသည်။

 

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်လည်း မိုးဦးလေဦးရေကြောင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် ကွင်းဆင်းကြည့်ရှုကြပ်မတ်လျက်ရှိပြီး ရေယာဉ်မှတာဝန်ရှိသူများအားလမ်းညွှန် ဆောင်ရွက်ပေးလျက် ရှိကြောင်း ဌာနခွဲမန်နေဂျာဦးသိန်းမြင့်က ပြောသည်။

 

အောင်ဝင်း(ဖျာပုံ)