ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါ ကာကွယ်ရေးနှင့် ကုသထိန်းချုပ်ရေးလုပ်ငန်း ဆွေးနွေးပွဲ စစ်တွေ၌ကျင်းပ

စစ်တွေ  ၁၃  ဇန်နဝါရီ 

 

ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင် ရောဂါကာကွယ်ရေးနှင့် ကုသ ထိန်းချုပ်ရေးလုပ်ငန်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါ ကာကွယ်ထိမ်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ နှီးနွယ်ဌာနများ၊ အစိုးရအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းပါဝင်၍ လူထုကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့် စတင်ဆောင်ရွက်ရန် လိုအပ်ပါ ဖြစ်ကြောင်း၊ ရေချိုခရု နှင့်ပတ်သက်ပြီး ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးဦးစီးဌာန နှင့်ပူးပေါင်းပြီး အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာကြည်လွင် တို့က ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင် ရောဂါကာကွယ်ရေးနှင့် ကုသထိန်းချုပ် ရေးလုပ်ငန်းများကို ပြောကြားကြပြီး ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ စီမံချက်မန်နေဂျာ ဒေါက်တာတိုးသီရိအောင်၊ ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာရေး) ဒေါက်တာဒေါ်စန္ဒာနှင့် ညွှန်ကြားရေးမှူး(ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) ဒေါက်တာဖြူဖြူအေး တို့က ရောဂါ ဖြစ်ပွားမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေး မေးမြန်းကြသည်။

 

ရခိုင်ပြည်နယ်တွင် ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင် ရောဂါ ဖြစ်ပွားမှု၌ ပေါက်တောမြို့နယ်တွင် အများဆုံးဖြစ်ပွားပြီး ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

_DS