ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရွှေကျင် မေ ၂၁

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ-ထ-က) ရွှေကျင်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ကျောင်းဝန်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းကော်မတီဝင် များ၊  ကျောင်းသားမိဘများပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းမြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မလွတ်ကင်းသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်များ ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ၊ ရေဝပ်သောနေရာများကို ရေစီးရေလာကောင်းမွန်စေ ရန်အတွက် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)