ရွှေကျင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရွှေကျင် ၂၉ မတ်

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာတွင် ယနေ့နံနက် ၁ နာရီခန့်က ဒေါ်ခိုင် (ဘ)ဦးလှတင်၏ နေအိမ်မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၃)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးဇော်ညီညီလွင် ဦးဆောင်၍ သန္ဓ+အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ဒေသခံပြည်သူ (၅၀)ကျော်တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက်၂ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့်နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)