ရွှေကူမြို့နယ်၌ တစ်သျူးငှက်ပျောစိုက်ခင်းရှိ ပစ္စည်းသိုလှောင်ရုံ မီးလောင်

ရွှေကူ  ၁၇   ဇန်နဝါရီ

 

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက တစ်သျူးငှက်ပျောစိုက်ခင်းရှိ ပစ္စည်းသိုလှောင်ရုံ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

75

 

ဖြစ်စဉ်မှာ ရွှေကူမြို့နယ်၊ နောင်လက်ကြီးကျေးရွာအုပ်စု၊ ဝင်းဝကျေးရွာရှိ "ဂရင်းရဲထွဋ်" တစ်သျူးငှက်ပျောစိုက်ခင်းရှိ ပစ္စည်းသိုလှောင်ရုံတွင် တပ်ဆင်အသုံးပြုသည့် ဆိုလာဖြင့် ဘက်ထရီ အားသွင်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အလျှား ၅၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက်ပစ္စည်းသိုလှောင်ရုံတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ ရွှေကူမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးသန်း ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေကူမြို့မရဲစခန်းမှ ရဲအုပ်ရဲထွဋ်မင်း ဦးစီးရဲတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ် ယာဉ်တစ်စီးဖြင့် ငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

8520

 

ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်သျူးငှက်ပျောစိုက်ခင်းတာဝန်ခံ ဦးခင်မောင်လေး(၅၈ နှစ်)အား ရွှေကူမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)