ရေးမြို့နယ် မြသီတာဈေးတွင် COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ရေး    ၂၉  မတ်

 

ရေးမြို့နယ်တွင် မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြသီတာဈေးကော်မတီတို့ ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကြီးအောင်ရပ်ကွက် မြသီတာဈေး၌ စုပေါင်းလုပ်ဆောင်ခဲ့သည်။

 

ထိုသို့ ပိုးသတ်ဆေးဖျန်းရာတွင် မြသီတာဈေးအတွင်းရှိ သားငါးဈေးတန်း၊ ငါးခြောက်ဈေးတန်းနှင့် ဈေးဆိုင် တံခါးများ၊ အများပြည်သူအသုံးပြုများသည့် နေရာများတွင် ဆေးဖျန်းခြင်း၊ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အောင်ဖြိုး(ပြန်ဆက်)