ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု

ရေတာရှည် ဩဂုတ် ၁၇

 

ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၅) စစ်အခြေခံလေ့ ကျင့်ရေးတပ်၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ဩဂုတ်လ(၁၃)ရက်တွင် ရေတာရှည်မြို့နယ်၊ စည်ပင်သာကျေးရွာ အနီး အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ချီးမြှင့်ဂုဏ်ပြုစကားများပြောကြားကြသည်။ 

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချီးမြှင့်ငွေကျပ်သိန်း (၅၀) နှင့် ဂုဏ်ပြုမှတ်တမ်းကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ချီးမြှင့်ငွေကျပ် (၃၉)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ချီးမြှင့်ငွေကျပ် (၁၀)သိန်း၊ ရေတာရှည်တပ်နယ်မှ ချီးမြှင့်ငွေကျပ် (၅)သိန်း၊ ဌာနဆိုင်ရာများက ချီးမြှင့်ငွေကျပ်(၅)သိန်းနှင့် တောင်ငူခခရိုင်ရဲတပ်ဖွဲ့မှူးမှ ချီးမြှင့်ငွေကျပ်(၅)သိန်းဂုဏ်ပြုချီးမြှင့်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆည်းရမိခဲ့သည့် လက်နက် ခဲယမ်းများအား ကြည့်ရှုကြသည်။

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စည်ပင်သာကျေးရွာအနီး ဩဂုတ် (၁၃)ရက် အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်မျိုးစုံ (၂၇)လက်၊ ကျည်/ခဲယမ်းမျိုးစုံ (၇၈၀)တောင့်၊ ဗုံး(၆)လုံး၊ ကျည်အိမ်မျိုးစုံ(၂၀)ခု သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)