ရွှေတောင်မြို့နယ်၌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျေးရွာသို့ ဇွန် ၂၄ ရက်က တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာများ လိုက်ပါလျက် ရွှေတောင်မြို့နယ်တွင် ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျေးရွာဖြစ်သည့် ညံတောကြီးကျေးရွာမှ စက်ရေတွင်း တွင်းနက်တူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစက်ရေတွင်း တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးပါက ဒေသခံ ကျေးရွာနေပြည်သူများအတွက် ကျန်းမာသန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာ ရရှိလာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းမြင့်မိုရ်(ကျေးလက်)