ရေဦး - မုံရွာ ကားလမ်းပေါ်၌ ဆိုင်ကယ်တိမ်းမှောက်၍ ဆိုင်ကယ်မောင်းနှင်သူတစ်ဦးသေဆုံး

ဒီပဲယင်း    ၁၇   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ဆိုင်ကယ် တိမ်းမှောက်၍ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က မုံရွာဘက်မှ ရေဉီးဘက်သို့ ဂေါင်းစားမကျေးရွာ ဒီပဲယင်းမြို့နယ်နေ ဒေါ်ခင်ကွတ်ကွတ်ခိုင် (၄၂ နှစ်) မောင်းနှင်လာသော ဆိုင်ကယ်မှာ ရေဦး -မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၂၈/၁ နှင့် ၁၂၈/၂ အကြားတွင်အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး၊ ဒေါ်ခင်ကွတ်ကွတ်ခိုင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် စိုင်ပြင်ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ ကို ဒီပဲယင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

မိုးသောက်(ရွှေဘို)