ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ကျဆုံးသွားခဲ့သည့် တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် ၈ ဇန်နဝါရီ 

 

ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့်ထောက်ပံ့ငွေများအား သွားရောက်ပေးအပ်သည်။

 

1

 

ဇန်နဝါရီ ၅ ရက်တွင် အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူး ဇော်လင်းအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက မိုင်တိုင်အမှတ်(၅၀)အနီး နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းလုပ်ကိုင်နေသော ရဲတပ်သား သန့်ဇင်မင်း၏ ကျန်ရစ်သူ မိသားစုနှင့် တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး ဖခင်ဖြစ်သူ ဦးမင်းရွှေထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ် (၁၀)သိန်းအားလည်းကောင်း။

 

ဇန်နဝါရီ ၆ ရက်တွင် အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကျော်ဇော ဦးစီးသည့် တပ်ဖွဲ့ဝင်များက တောင်ဘဇာနယ်မြေရုံး၌ ရဲဒုတပ်ကြပ်ထွန်းလှ ကျန်ရစ်သူမိသားစုနှင့် တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်စောမြထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ် (၁၀)သိန်းအားလည်းကောင်း။

 

အမှတ်(၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးရဲဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရဲဒုတပ်ကြပ် သန်းရွှေဦး၏ ကျန်ရစ်သူမိသားစုအား ငမြင်းဘော်ကျေးရွာ၌ သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်ခိုင်ယုံထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ် (၁၀)သိန်း အားလည်းကောင်း။

 

ဇန်နဝါရီ ၇ ရက်တွင် အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူး အောင်မြတ်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရဲတပ်ကြပ် မျိုးမြင့်၏ ကျန်ရစ်သူ မိသားစုနှင့် တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်စိုးထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀) သိန်းအားလည်းကောင်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

MDN