ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ပထမအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

တောင်ပြိုလက်ဝဲ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ပထမအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇန်နဝါရီ ၂၂ ရက်က သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးသည်။ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသည်။ 

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သူများကို ပထမအသုတ် (ပထမ) အကြိမ်အဖြစ် (၁၅၄)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

သိန်းနိုင်(ပြန်/ဆက်)