ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၂ ဇန်နဝါရီ 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ် (၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲတစ်ခွဲသည် ကားလမ်းပေါ်ရှိ စေတောင်ရွာအတွင်း ဘုန်းကြီးကျောင်း၌ ခေတ္တအခြေပြုနေစဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အင်အား ၃၀ ခန့်ရှိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖစ်စဉ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆန်ဖောက်ဝင် ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ချိန်တွင် ကျေးရွာအတွင်း၌လည်း ရွာသူ ရွာသားများ ရှိနေပြီး ရဲတပ်ဖွဲ့၏ စနစ်တကျ ထိန်းသိမ်းကြပ်မတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်