ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်၊   ၁၆  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် နယ်မြေခံတပ်မတော်နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဟွေကြိမ်၊ မန်ဝိန်း၊ နောင်ဖာ၊ ဝိန်းမိုင်ကျေးရွာအုပ်စုအတွင်းမှ ဘိန်းစိုက် ဧက(၂၅)ဧကခန့်အား ဇန်နဝါရီ ၁၆ ရက်က ပူးပေါင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဘိန်းစိုက်ခင်းများဖျက်ဆီးမှုတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ထိ တန့်ယန်းမြို့နယ်အတွင်း ဘိန်းစိုက်ခင်း (၁၀၂ ဒသမ ၅)ဧကခန့်အား ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

 

(ရဲပြန်ကြား)