ရွှံ့စေးကွင်းရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ်

စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်ဟာ အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အမေရိကန် ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား ဂျွန်အစ္စနာကို အနိုင်ရရှိခဲ့ပြီးနောက် ရွှံ့စေးကွင်းမှာ ရှုံးပွဲမရှိစံချိန် ကို ဆက်ထိန်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မက်ဒရစ်အိုးပင်းကွာတား ဖိုင်နယ်မှာ တစ်နိုင်ငံတည်းသား ကာလို့စ်အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့တဲ့ ရာဖေးလ်နာဒယ်ဟာ လက်ရှိကျင်းပနေတဲ့ အီတလီအိုးပင်းတင်းနစ် ပြိုင်ပွဲမှာတော့ ဒုတိယအဆင့်မှာ ဂျွန်အစ္စနာ ကို ၆-၃၊ ၆-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ (၁၀)ကြိမ်အထိ ချန်ပီယံဖြစ်ထား တဲ့ရာဖေးလ်နာဒယ်ဟာ တတိယ အဆင့်မှာ ကနေဒါတင်းနစ်ကစားသမား ဒန်းနစ်ရှာပိုဗာလော့ဗ်နဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်