ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့ကို ဖွံ့ဖြိုးတိုးတက်လာစေမည့် ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီး

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများ
ဖွံ့ဖြိုးလာမှုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းကြီးကို (၂၄-၁၂-၂၀၁၈) ရက်နေ့တွင် ပန္နက်တော်တင်မင်္ဂလာ အခမ်း အနားကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်၍ ပန္နက် တော်တင်ပေးခဲ့ပါသည်။ တံတားတည်ဆောက်ရေး အုတ်မြစ်လုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန် ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံမှ ချေးငွေရယူပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှကြီးကြပ်၍ ကိုရီးယားသမ္မတနိုင်ငံမှ ကန်ထရိုက်တာ G.S Engineering & Construction Corporation က တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။


ဒလတံတားကြီးပြီးစီးလာပါက ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ဒလမြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ပေါ်ထွက်လာ တော့မည်ဖြစ်ပါသည်။


ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်စပ်ပေးမည့် ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီး ရန်ကုန်-ပုသိမ် (ရန်ကုန်-ပန်းတနော်-ပုသိမ်)လမ်းမှာ ခရီး ၁၁၃/၂ မိုင်အရှည်ရှိသော်လည်း ယခုအခါ ယာဉ်သွားလာမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယာဉ်သွားလာမှု များပြားလာ သောကြောင့် ရန်ကုန်-ပုသိမ်လမ်း ရန်ကုန်တိုင်းဒေသကြီး အပိုင်း မိုင်တိုင်(၅/၄-၇/၄) အထိ ၄၈ ပေ အကျယ် ကွန်ကရစ်လမ်းနှင့် မိုင်တိုင်အမှတ် (၇/၄- ၁၇/၄) အထိ ၃၆ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောက်လုပ် ရေးဝန်ကြီးဌာနက ကြီးကြပ်၍ Oriental Highway Co.,Ltd.BOT အဖွဲ့က ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်-ပုသိမ်လမ်း ရန်ကုန်တိုင်းဒေသကြီးနယ်စပ် (မိုင် ၁၇/၄)မှ ဗိုလ်မြတ်ထွန်းတံတား (မိုင်တိုင် ၄၁/၃)အထိ လမ်းမိုင် အရှည် ၂၃/၇ မိုင်ကို မူလ ၂၄ ပေ ကတ္တရာလမ်းမှ အကျယ် ပေ ၃၀ ကွန်ကရစ်လမ်းအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး တောင်ဘက်ခြမ်း ပင်လယ်ထွက်ပေါက် မြစ်ဝကျွန်းပေါ်ဒေသများ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသနှင့် ဆက်စပ်ပြီး ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်-ဘိုကလေး-ပုသိမ် လမ်းမကြီးသည် ရန်ကုန် တောင်ပိုင်းခရိုင်မှ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်တို့ကို ဆက်သွယ်ပေးသော လမ်းမကြီးဖြစ်ပါသည်။ ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့အထိ ရန်ကုန်-ကော့မှူး၊ ဖျာပုံ-ဘိုကလေးလမ်းအပိုင်းမှာ မိုင်(၇၇/၅)ခန့်ရှိပါသည်။ ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း ဖြစ်ပြီး အများပြည်သူ လုံခြုံချောမွေ့စွာသွားလာနိုင်ပါ သည်။ ရန်ကုန်မြို့မှ ဘိုကလေးမြို့သို့ဆက်သွယ်သော လမ်းတွင် တည်ဆောက်ဆဲ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား စီမံကိန်းရှိပါသည်။ တည်ဆောက်ပြီး တံတားကြီးများမှာ တွံတေးတံတား၊ ဒေးဒရဲတံတားနှင့် ဖျာပုံတံတားတို့ တည်ရှိကြပါသည်။

 

့်ုူ‌ေိ့်
 

ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်း
(ဘိုကလေး-ပုသိမ်လမ်းအပိုင်း)

လမ်း/တံတား တိုးတက်ရေးဆောင်ရွက်နေမှုများ ဧရာဝတီတိုင်းဒေသကြီးမှာ ခရိုင်ခြောက်ခရိုင်နှင့် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး လူဦးရေအားဖြင့် ၆၃ သိန်းကျော် နေထိုင်ကြပါသည်။ မြစ်ချောင်းပေါများခြင်း ကြောင့် လမ်းပန်းဆက်သွယ်ရေး အင်မတန် ခက်ခဲခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအနေဖြင့် အသက် အိုးအိမ်စည်းစိမ်များဆုံးရှုံးခဲ့ရပါသည်။ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနေဖြင့် ၂၀၀၈ ခုနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း နာဂစ်လမ်း ကွန်ရက် ၁၁ လမ်းရှိ လမ်း/တံတား များ တိုးတက်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ နာဂစ်လမ်း ကွန်ရက်ထဲမှ တစ်လမ်းဖြစ်သော ဘိုကလေး-မော်လမြိုင် ကျွန်း-ဝါးခယ်မ-မြောင်းမြ-ပုသိမ်လမ်း (ဘိုကလေး-ပုသိမ်လမ်းပိုင်း)ကိုလည်း ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနက လမ်းအဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။ ၎င်းလမ်းပိုင်းအတွင်း အရေးပါသော တံတား ကြီးလေးစင်းဖြစ်သည့် စော်ကဲမြစ်ကူးတံတား၊ ကျွန်းပြဿဒ် မြစ်ကူးတံတားနှင့် ကျွန်းကုန်းတံတားတို့ကို ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူ၍ တည်ဆောက်ပေးလျက်ရှိပြီး ဝါးခယ်မ တံတားကို မူလကြိုးတံတားမှ အခိုင်အမာ သံမဏိ သံပေါင် တံတားအဖြစ် တံတားတည်ဆောက်ရေးအဖွဲ့ (၁၅)က တာဝန်ယူတည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါတံတားကြီးများပြီးစီးသွားပါက ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ဝါးခယ်မမြို့တို့မှ ပုသိမ်မြို့သို့ အချိန်တိုတိုဖြင့် သွားရောက်နိုင်ကြမည့်အပြင် ဖျာပုံ၊ ဒေးဒရဲမြို့တို့မှ ခရီးသွားပြည်သူများအနေဖြင့် မအူပင်-ပန်းတနော်-ပုသိမ်အဝေးပြေးလမ်းမကြီးမှ ပုသိမ်မြို့သို့ သွားရမည့်ခရီးလမ်းထက် အချိန်သက်သာစွာဖြင့် သွားလာ နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီးကြောင့် ဖွံ့ဖြိုးတိုးတက်လာတော့မည့် ဘိုကလေးမြို့နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဘိုကလေးမြို့သည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း တည်ရှိပါသည်။ ရန်ကုန်မှ ဘိုကလေး အထိ ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းရှိပြီး ခရီးအကွာအဝေး ၇၇/၅ မိုင်ရှိပါသည်။ ယခုအခါ ဘိုကလေး-မော်လမြိုင်ကျွန်းမြို့ကြားတွင် ဘိုကလေး တံတား၊ ကျွဲခြံရေကျော်တံတား၊ ရာဇူဒိုင်တံတား အမှတ်(၁)နှင့် (၂)တို့ကို တည်ဆောက်ပြီး ဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့နှင့် ဝါးခယ်မမြို့ကြားတွင် စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတားတို့ တည်ဆောက်လျက်ရှိပြီး မကြာမီပြီးစီးတော့မည်ဖြစ်ပါ သည်။ ဘိုကလေးမြို့မှ ဖျာပုံမြို့၊ မအူပင်မြို့များမှတစ်ဆင့် ပုသိမ်မြို့သို့ ခရီးအကွာအဝေး (၁၅၀/၀)မိုင်ခန့်ကို ယာဉ်မောင်းချိန် ငါးနာရီနီးပါး ကြာမြင့်ပါသည်။ ယခုအခါ ဘိုကလေး-ပုသိမ်လမ်းပိုင်းမှာ ခရီးအကွာအဝေး(၉၀/၀)မိုင်ခန့်သာရှိပြီး ခရီးသွားကြာမြင့်ချိန် သုံးနာရီခန့်သာရှိ လာမည်ဖြစ်သောကြောင့် ဖျာပုံ-ဘိုကလေးဘက်မှ ခရီးသွားပြည်သူများ ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ် သည်။ ဘိုကလေးမြို့မှ ပင်လယ်ထွက်ပေါက်ဒေသများသို့ ဆက်သွယ်သော ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်း (၄၂/၀)မိုင်နှင့် ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်း (၃၈/၅)မိုင်အရှည်ရှိ ဆက်သွယ်ထားသောလမ်းများလည်း ရှိသောကြောင့် ဘိုကလေးဒေသပတ်ဝန်းကျင် ပင်လယ် ထွက်ပေါက်များမှာလည်း ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဘိုကလေးမြို့နယ်အတွင်းတည်ရှိပြီး ၃၃၇၇၆ ဧက (၅၂.၇၈ စတုရန်းမိုင်)ကျယ်ဝန်းပါသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသရှိ ဒီရေတောဂေဟစနစ်ကို ကာကွယ်ရန်၊ ငါး/ပုစွန်များ မျိုးပွားခိုလှုံရာဒေသများကို ကာကွယ်ရန်၊ မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ် ရင်ဆိုင်နေရသော ရေချိုနှင့် ရေငန်စပ်မိချောင်းများ သဘာဝအတိုင်း ရှင်သန်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း သတ်မှတ်ခဲ့သည်။ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဒီရေတောအတွင်း စက်လှေစီး၍ လေ့လာခြင်း၊ ဒေသခံများ၏ မိရိုး ဖလာငါးဖမ်းဆီးခြင်း၊ မိချောင်းများ၏ ကျက်စားမှု အလေ့အထများကိုလေ့လာခြင်း၊ ငှက်ကြည့်ခြင်းနှင့် ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားမှုများ စသည်တို့ နှင့်ပတ်သက်၍ လေ့လာနိုင်ကြပါသည်။ မိန်းမလှကျွန်း တွင် မျောက်တစ်ရာကင်းစခန်းအနီး တည်ထားကိုးကွယ် ထားသည့် တန်ခိုးကြီးမျောက်တစ်ရာစေတီတော် (အောင် စေတီတော်မြတ်)လည်း တည်ရှိသည်။ ဘိုကလေးမြို့နယ် ဘိုကလေး- ကြိမ်ချောင်း- ကဒုံကနိ လမ်းပေါ်ရှိ ပေချောင်းကြီးကျေးရွာတွင် ကံ့ကော်တစ်ထောင် ဆရာတော်ကြီးက ကံ့ကော်တစ်ထောင်ဘုရားစေတီများတည်ထားပြီး ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် သာသနာပြု ဆောင်ရွက်လျက်ရှိပါသည်။


ဆရာတော်ကြီးမှာ သက်တော် ၇၅ နှစ် ပြည့်ပြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဘိုကလေးမြို့နယ်တွင် ထင်ရှားသည့် ဘုရားစေတီပုထိုးများမှာ မြို့ကျက်သရေဆောင် သမိုင်းဝင် အောင်စကြာစေတီ၊ အောင်တော်မူဘုရား၊ အောင်စေတီ၊ မြစိမ်းရောင်ဘုရားနှင့် တောင်လက်ျာဘုရား စသည့် တန်ခိုးကြီးဘုရားများ တည်ရှိပါသည်။

 

အချုပ်အားဖြင့် ဘိုကလေးမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က လမ်းကွန်ရက် များ၊ လမ်း/တံတားများ တိုးတက်ဖောက်လုပ်နေမှုများ ကြောင့် ဘိုကလေးဒေသရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၊ အာဆီယံအမွေအနှစ်စာရင်းဝင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများသို့ မြန်မာပြည် တစ်ဝန်းလုံးရှိ ခရီးသွားပြည်သူများ လာရောက်လေ့လာ လည်ပတ်နိုင်တော့မည် ဖြစ်သည်။ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့မှလည်း ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမ ကြီးကိုအသုံးပြု၍ ကုန်လမ်းခရီးမှသော်လည်းကောင်း၊ ရေလမ်းခရီးမှသော်လည်းကောင်း ဆက်သွယ်သွားလာနိုင်တော့မည်ဖြစ်သောကြောင့် ဘိုကလေးမြို့နယ် ဒေသတစ်ခုလုံး အရှိန်အဟုန်ဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါသည်။

 

့ု‌ေူ့်


မော်လမြိုင်ကျွန်းမြို့နှင့် ရာဇူဒိုင် တံတားအမှတ်(၁)နှင့်(၂)

မော်လမြိုင်ကျွန်းမြို့ခေါ် မော်ကျွန်းမြို့လေးမှာ ရေပတ်လည်ဝိုင်းနေပြီး ကျွန်းပုံစံတည်ရှိနေသော မြို့လေးဖြစ်ပါသည်။ ရှေးက မြတ်စွာဘုရားလောင်း ဥဒေါင်း မင်း ပျော်မြူးမွေ့လျော်ရာ မောရမြိုင်ကျွန်းဟုတင်စား ခေါ်ဝေါ်ခြင်းသော်လည်းကောင်း၊ မော်လမြိုင်ပန်းများ ဝန်းရံပေါက်ရောက်နေသောမြို့ဟု ခေါ်ဆိုခြင်းသော် လည်းကောင်း ဖြစ်နိုင်သည်ဟု သက်ကြီးစကားသက်ငယ် ကြား ပြောကြားခဲ့သော မော်လမြိုင်ကျွန်းမြို့လေးဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့လေးသည် ၂၀၀၈ ခုနှစ် နာဂစ်မတိုင်မီက အထီးကျန်ဆန်သော ကျွန်းအဆင့် အတန်းမှ ယခုအခါ ရန်ကုန်-ဘိုကလေး-မော်ကျွန်း-မြောင်းမြ-ပုသိမ်လမ်း ပေါက်လာပြီဖြစ်၍ မြန်မာပြည် တစ်ဝန်းသို့ အချိန်နှင့်တစ်ပြေးညီ ကူးလူးသွားလာနိုင် သောမြို့ ဖြစ်လာပါပြီ။ မော်လမြိုင်ကျွန်းမြို့နှင့် ဆက်သွယ်နေသောလမ်းများမှာ မအူပင်-တွံတေးလမ်း (လမ်းအရှည်-၇၀/၃)မိုင် ယာဉ်မောင်းချိန် နှစ်နာရီခွဲဖြင့် ရန်ကုန်မြို့သို့သွားနိုင်ပြီ ဖြစ်ပါသည်။ မော်ကျွန်းမှ ပုသိမ်မြို့သို့ သွားရာတွင် မော်ကျွန်း-မအူပင်-ဗိုလ်မြတ် ထွန်းတံတား-ပုသိမ်လမ်းမှ ခွဲလျှင် လမ်းအရှည် ၁၃၈/၀ မိုင်ခန့်ကို ယာဉ်မောင်းချိန် ငါးနာရီခန့်ကြာမြင့်နိုင်ပါ သည်။ ယခုအခါ ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းပေါ်တွင် တည်ဆောက်လျက်ရှိသော စော်ကဲတံတား၊ ကျွန်းပြဿဒ် တံတား၊ ဝါးခယ်မတံတားများပြီးသွားပါက မော်ကျွန်းမှ ပုသိမ်သို့ ၇၅/၁ မိုင်ရှိလာမည်ဖြစ်ပြီး ယာဉ်မောင်းချိန် နှစ်နာရီ ၄၅ မိနစ် ခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့အဝင် ရာဇူဒိုင်မြစ်ကြီးနှင့် တည်ဆောက်ပြီးစီး နေပြီဖြစ်သော ရာဇူဒိုင်တံတား အမှတ် (၁)နှင့်(၂)တို့မှာ မော်လမြိုင်ကျွန်းမြို့ကြီးနှင့်ပနံရလှပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်၏ ခရိုင်မြို့ဖြစ်သော လပွတ္တာမြို့သို့ ယခင်က ရေလမ်းခရီးဖြင့်သာ သွားလာ ရပါသည်။ မကြာမီ ကားလမ်းခရီးဖြင့် မော်လမြိုင်ကျွန်းမှ လပွတ္တာမြို့သို့ မြောင်းမြမြို့၊ မြောင်းမြတံတားနှင့် ပင်လယ်လေးတံတားများမှတစ်ဆင့် ခရီးအကွာအဝေး (၉၁/၀)မိုင်ခန့်ကို ကားလမ်းခရီး လေးနာရီဖြင့် ရောက်ရှိနိုင် တော့မည်ဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့လေးသည် မအူပင်-ရေလဲ-ရွှေတောင်မှော်-ကျိုက်ပိ-မော်ကျွန်းလမ်း၊ ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းနှင့် မော်ကျွန်း- လှိုင်းဘုန်း-သစ်ပုတ်-ပြင်စလူလမ်း လမ်းသုံးလမ်းဆုံရာဖြစ်ပါသည်။
မော်လမြိုင်ကျွန်းမြို့သည် ဧရာဝတီမြစ်၏ မြစ်လက် တက်နှစ်ခုဖြစ်သော ရာဇူဒိုင်မြစ်နှင့် တုံးလှဲမြစ်တို့ဆုံရာ တွင်တည်ရှိပြီး သာယာလှပသော မြို့လေးတစ်မြို့ ဖြစ်ပါသည်။ မြို့ကျက်သရေဆောင်ဘုရားကြီးများမှာ မြို့လယ်တာဝတိံသာဘုရားကြီးနှင့် သမ္မာသမ္ဗုဒ္ဓမြို့ဦး စေတီတော်တို့ဖြစ်ပါသည်။ ၁၉၃၄ ခုနှစ်တွင် စတင်တည် ဆောက်ဖွင့်လှစ်ခဲ့သော မော်လမြိုင်ကျွန်း အ.ထ.က(၁) အထက်တန်းကျောင်းကြီးသည်လည်း စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်သည် ညီညာပြန့်ပြူးသော မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး မြို့နယ်အတွင်း မြစ်ချောင်း များ အနှံ့အပြားတည်ရှိသည့် မြစ်ဝကျွန်းပေါ်အရပ်ဒေသဖြစ်ပါသည်။ မြေဩဇာကောင်းမွန်သော နုန်းတင်မြေနု များရှိသောကြောင့် နွေ၊ မိုး၊ ဆောင်း စပါးစိုက်ပျိုးဖြစ်ထွန်း သော သာယာလှပသည့်မြို့နယ်ဖြစ်ပါသည်။ ထင်ရှားသော မြစ်ချောင်းများမှာ ရာဇူဒိုင်မြစ်၊ တုံးလှဲမြစ်၊ စော်ကဲမြစ်၊ ကျွဲခြံမြစ်တို့ဖြစ်ပြီး မြို့ပတ်လည်တွင်စီးဆင်းသော မြစ်များဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့သည် ကျွန်းအဖြစ် တည်ရှိကာ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။ သင်္ဘော၊ စက်လှေများ သွားလာနိုင်ပါသည်။ ရေလမ်းခရီး သာမက ရန်ကုန်- ဘိုကလေး- ပုသိမ်လမ်းမကြီးပေါ်တွင် မော်လမြိုင်ကျွန်းမြို့ တည်နေသောကြောင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ကာ စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးတိုးတက်သောမြို့တစ်မြို့အဖြစ် ရောက်ရှိလာပါ တော့မည်။

 

့‌ေိ့‌ေိ


ဝါးခယ်မမြို့နှင့် သကျမဟာသီရိဘုရားကြီး

မြစ်ချောင်းအင်းအိုင်များပေါများသော ဧရာဝတီတိုင်း ဒေသကြီးရှိ အောက်ဘက်(ပင်လယ်ဘက်) အရပ်ကျသော မြို့နယ်များသည် ယခင်က ရေလမ်းခရီးကိုသာအားထား၍ တစ်မြို့မှတစ်မြို့သို့ သွားလာမှု၊ ကုန်စည်ပို့ဆောင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခဲ့ရသောမြို့နယ်များ ဖြစ် ပါသည်။

ထိုမြို့နယ်များအနက် ဝါးခယ်မမြို့လည်း ပါဝင်ခဲ့ပါ သည်။ ယခုအခါ ဝါးခယ်မတံတား၊ ရွှေလောင်းတံတားနှင့် ကျွန်းကုန်းတံတားကြီးများသည် အခိုင်အမာ သံမဏိ သံပေါင် တံတားကြီးများအဖြစ် မကြာမီ ရောက်ရှိလာမည်ဖြစ်ပြီး ရန်ကုန်-ဘိုကလေး-ဝါးခယ်မ-ပုသိမ်လမ်းမကြီးလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အချိန်တိုအတွင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိမြို့နယ်များ ကားလမ်းခရီးပေါက်နေပြီ ဖြစ်၍ ဖွံ့ဖြိုးစည်ပင်မှုများလည်း ပိုမိုအားကောင်းလာ ပြီဖြစ်ပါသည်။
ဝါးခယ်မမြို့နယ်သည် မြို့နယ်ဂုဏ်ဆောင်ထူးချွန် ကြသူများ၊ နိုင်ငံချစ်သော အထင်ကရပုဂ္ဂိုလ်များ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးစွမ်းဆောင် ရှင်များ၊ စာပေ၊ ဂီတပညာရှင်များကို အစထား၍ များစွာသောထူးချွန်ထက်မြက်သူများ၏ဇာတိမြေအဖြစ်ရပ်တည် နေသော မြို့တစ်မြို့ဖြစ်ကြောင်း သိရှိရပါသည်။
ဝါးခယ်မမြို့မှာ လေ့လာမှတ်သားမှုအရ မြို့တည် သက်တမ်းအား တရားဝင်ခွင့်ပြုခြင်းကို ၁၉၀၆ ခုနှစ် အောက်တိုဘာလ ၁ ရက်ဟု မှတ်သားတွေ့ရှိရသောကြောင့် ယနေ့ ဝါးခယ်မမြို့၏သက်တမ်းမှာ ၁၁၄ နှစ်ရှိခဲ့ပြီဖြစ်၍ နှစ် ၁၁၀ ကျော်သက်တမ်းရှိသောမြို့ဟုလည်း ဆိုနိုင်ပါသည်။

ရှေးသာသနာပြုစာပေမှတ်တမ်းများတွင် ဝါးခယ်မမြို့ သည် မြို့ဦး၊ မြို့လယ်၊ မြို့စွန်တို့၌ ဘုရား၊ စေတီများ ကိန်းဝပ်နေသောကြောင့် ကမ္ဘာစစ်ဖြစ်ခဲ့စဉ်အခါက စစ်ဘက်အရေးအခင်းဘေးမှ ကင်းဝေးခဲ့သည်ဟု မှတ်သား ရပါသည်။ ဂုဏ်ယူစရာအဖြစ် မှတ်တမ်းတင်ကြရမည် ဖြစ်ပါသည်။

ဝါးခယ်မမြို့ဦးမြို့ထိပ်မှ မြသိန်းတန်စေတီတော် သည် ရှေးဟောင်း အမွေအနှစ်ဖြစ်ပြီး သက္ကရာဇ် ၁၂၅၃ ခုနှစ်က ဉာဏ်တော်အမြင့် ၁၀၉ ပေနှင့် မြေစိုက်စေတီ ဖြစ်သော်လည်း လုံးတော်ပြည့်ရွှေသင်္ကန်းနှင့် မြစ်နံဘေး တင့်တယ်စွာစံပယ်နေပါသည်။


ဝါးခယ်မမြို့လယ်၌လည်း မြို့ကျက်သရေဆောင် ကြေးသွန်းရုပ်ပွားတော်ကြီးကလည်း ကိန်းဝပ်စံပယ် လျက်ရှိသည်။ တင်ပျဉ်ခွေအထိုင် ဘူမိဖဿမုဒြာဟန်နှင့် ဉာဏ်တော်ကိုးတောင်ရှိ ကြေးသွန်းရုပ်ပွားတော်ကြီးကို ကြေးပိဿာချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ၉ မူးသားဖြင့် ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်နေ့တွင် စတင် တည်ထားခဲ့ပြီး ကြေးသွန်းဘုရားကြီး၏ဘွဲ့တော်မှာ သကျမဟာသီရိဘုရားကြီးဖြစ်ကြောင်း သိရှိရပါသည်။ ဘုရားကြီးနှင့်ပတ်သက်၍ နဝင်းငါးလီကျနေသည်ကို တွေ့ရ၍ ဧရာဝတီတိုင်းဒေသကြီး၌ ထူးထူးခြားခြား တန်ခိုးကြီးထင်ရှားကျော်ကြားလျက်ရှိပါသည်။

 

မြို့အစွန် တစ်ဖက်ကမ်းမှ ရှေးဟောင်းစေတီမှာ ပြည်လုံးချမ်းသာ သော်ကစေတီတော်ဟု ဘွဲ့အမည်ရပြီး မူလဒါယကာ မွန်မျိုးနွယ်ဖြစ်သော သမုဒ္ဒဿောသမင်းနှင့် မိဖုရား ဥမ္မာဒန္တီမင်းသမီးတို့ကောင်းမှုဖြင့် တည်ထားခဲ့ သော ရှေးဟောင်းစေတီဖြစ်ပါသည်။


ဝါးခယ်မမြို့သည် ရာသီအချိန်မရွေး စိုက်ပျိုးသီးနှံ များ စိုက်ပျိုးနိုင်ခြင်း၊ ရေချိုအရပ်ဖြစ်၍ ရေချိုသယံဇာတ များဖြစ်သော ငါး၊ ပုစွန်ပေါများခြင်း၊ ငါးမွေးမြူရေး အတွက် ရေခံမြေခံကောင်းများရှိခြင်း၊ ဆန်ရေစပါးပေါများစွာထွက်ရှိခြင်း၊ ကုန်ရောင်းကုန်ဝယ် လွယ်ကူချော မွေ့စည်ပင်ခြင်း၊ လယ်ယာထွက်ကုန်များ ပေါကြွယ်ဝခြင်း စသည့် မြို့ရွာကျေးလက်စည်ပင်ဖွံ့ဖြိုးစေသော အချက် အလက်၊ ဝါးခယ်မမြို့နှင့် ဆက်သွယ်လျက်ရှိသော ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းပေါ်တည်ရှိပြီး ကုန်း လမ်း၊ ရေလမ်းများဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အချိန်အခါမရွေးသွားလာဆက်သွယ် နိုင်ခြင်းတို့ကြောင့် ထာဝရစည်ပင်နေသော မြို့နယ်တစ်ခု ဖြစ်ပါသည်။

 

ဖွံ့ဖြိုးဝေစည် တိုင်းဧရာဝတီ

ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် ဝန်ကြီးဌာန၏မူဝါဒတစ်ခုဖြစ်သော နိုင်ငံတော် ၏ ပြုပြင်ပြောင်းလဲလာသည့် နိုင်ငံရေးစနစ်နှင့်အညီ နိုင်ငံတော်အတွင်းရှိ လမ်းများကို နိုင်ငံတကာ အဆင့်မီ လမ်းမကြီးများအဖြစ် ပေါ်ပေါက်စေရေးအတွက် အမျိုး သား စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲညီကာ လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကြောင့် မကြာမီအချိန်အတွင်း လက်ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးအပြင် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီး ပေါ်ထွက်လာတော့မည် ဖြစ်ပါသည်။ လမ်းမကြီးတစ်လျှောက် တည်ရှိနေထိုင်ကြ သောဒေသခံပြည်သူများ လွယ်ကူစွာ ခရီးသွားလာ၍ ကုန်စည်များ ကူးသန်းသယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်သောကြောင့် ဖွံ့ဖြိုးဝေစည် တိုင်းဧရာဝတီဟု ဒေသခံပြည်သူများအတွက် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

 

့ျ့န်‌ေ