ရပ်ထားသောကားအတွင်း ဖုန်းအားသွင်းရာမှ အပူလွန်ကာ ကားမီးလောင်မှုဖြစ်ပွား

မြင်းမူ ၁ ဒီဇင်ဘာ  

မြင်းမူမြို့ ထီးဆောင်းမျက်စိဆေးရုံရှေ့   ကားလမ်းဘေးတွင် ယနေ့ နံနက်  ၇ နာရီ မိနစ် ၂၀ ခန့်က  မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြင်းမူမြို့ ထီးဆောင်းရွာ  မန္တလေး-မုံရွာ  ကားလမ်း မိုင်တိုင် ၄၅/၁ နှင့် ၄၅/၂ အကြား  ကားလမ်း ယာဘက်ဘေးတွင် ရပ်ထားသော (၂၂)ဘီးတွဲကား ယာဉ်ပေါ်၌ ဖုန်းအားသွင်းပြီးနောက် ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ) မောင်ပြား   ယာဉ်နောက်လိုက်တို့မှာ ယာဉ်ပေါ်တွင် အိပ်ပျော်နေစဉ် ယာဉ်၏ ဖုန်းအားသွင်းပေါက်မှ အပူလွန်ကဲကာ ယာဉ်ရှေ့ခန်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်ရာသို့ မြင်းမူမြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးမောင်မောင်  ဦးစီးကာ တပ်ဖွဲ့ဝင်များ  မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးပါ  တပ်ဖွဲ့ဝင်  ၅ ဦး  မီးသတ်ယာဉ်  တစ်စီးဖြင့် ရောက်ရှိမီးငြှိမ်းသတ်ရာ  နံနက်  ၇ နာရီ ခွဲခန့်မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်မီးလောင်မှုကြောင့် ထွန်းထွန်းနိုင်(ခ)မောင်ပြားအား မြင်းမူမြို့မရဲစခန်းက အမှုဖွင့်ထားရှိကြောင်း သိရသည်။

ကိုကိုနိုင် (မြင်းမူ)