ရတနာပုံတက္ကသိုလ် ပထမနှစ်(၂၀၁၉ အောင်) နေ့သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ကျောင်းဝင်မှတ်ပုံတင် လက်ခံဆောင်ရွက်ပေးမည် 

မန္တလေး ၁၈ နိုဝင်ဘာ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာင်နှစ်အတွက် ဘာသာရပ်အသီးသီးအတွက် ပထမနှစ်သင်တန်း (၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်)နေ့သင်တန်း တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ကျောင်းဝင်မှတ်ပုံတင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း အဆိုပါ တက္ကသိုလ်က ထုတ်ပြန်ကြေညာထားသည်။

ထိုသို့လက်ခံရာတွင် ပထမနှစ် ဆက်သွယ်တက်ရောက်ရန် သတ်မှတ်ရက်များမှာ မူလ ဝင်ခွင့်ရရှိသူများ၏ ကျောင်းဝင်မှတ်ပုံတင်ကို  (၁၈-၁၁-၂၀၁၉) ရက်နေ့ဖြစ်ပြီး နောက်ဆုံးလက်ခံမည့်ရက်မှာ( ၁၃-၁၂- ၂၀၁၉) ရက်နေ့ဖြစ်သည်။ 

ထို့ပြင် တက္ကသိုလ်ပြောင်းရွေ့ဝင်ခွင့်ရရှိသူများနှင့် နောက်ဆက်တွဲ ဝင်ခွင့်ရရှိသူများကိုလည်း (၁၃-၁၂- ၂၀၁၉) ရက်နေ့ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး (၂.၁၂.၂၀၁၉)ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းခေါ်ချိန် (၇၅%)ပြည့်မီစေရေးအတွက် အချိန်မီ တင်သွင်းသွားကြရန် လိုအပ်ပြီး သတ်မှတ်ရက်အတွင်း မတင်သွင်း၍ နောက်ကျသဖြင့် အသနားခံတင်ပြခြင်းများကို လက်ခံမည်မဟုတ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို အဆိုပါတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

အောင်စံမောင်