ရုပ်ရှင်စကားဝိုင်း

မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ်

=======================

အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း

=====================

တွေ့ဆုံမေးမြန်း-ဒါရိုက်တာကြည်စိုးထွန်း

ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ် သူ့အခါက ထင်ရှားသော ဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။

ခင်ယုမေ၏ ရုပ်ရှင်ကားများကိုကြည့်လျှင် အမူအရာပိုလွန်းသွားသည့် ရုပ်ရှင်ကားမျိုး မရှိသလောက်ရှားပါးခဲ့သည်။ ရုပ်ရှင်ကားများကို သဘာဝကျကျ မပိုမလို သရုပ်ဆောင်နိုင်ခဲ့သလို သိုင်းရုပ်ရှင်ဇာတ်ကားများ၊ ဓားခုတ်လှံထိုး ရုပ်ရှင်ဇာတ်ကားများကိုလည်း နာမည်ရအောင် ရိုက်ကူးခဲ့သည်ကို တွေ့မြင်ရလေသည်။ ဂီတဘက်တွင် ထူးချွန်ခဲ့သလို ရုပ်ရှင်ဘက်တွင်လည်း ရုပ်ရှင်ထူးချွန်ဆုနှစ်ဆုရသည်အထိ သရုပ်ဆောင်တော်ခဲ့သော ခင်ယုမေ၏ ရုပ်ရှင်လောကအတွင်း လျှောက်လှမ်းခဲ့ပုံများကို သိရှိနိုင်ကြမည် ဖြစ်ပါသည်။

ဒီတစ်ပတ် ကျွန်တော့်ရဲ့ရုပ်ရှင်စကားဝိုင်းကတော့ နည်းနည်းထူးခြားတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်ရောက်နေတဲ့နေရာက အကယ်ဒမီ ရုပ်ရှင်မင်းသမီး ခင်ယုမေရဲ့ ခြံဝင်းဖြစ်ပြီး အကယ်ဒမီခင်ယုမေနဲ့ ဒီတစ်ပတ်ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ဟာ စတူဒီယိုကို မလာရောက်နိုင်တဲ့ ခင်ယုမေရဲ့ အိမ်ကိုလာပြီးတော့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။

(ယမန်နေ့မှအဆက်)

ဒေါ်ခင်ယုမေ။ ။ ‘မြွေမြွေချင်းခြေမြင်’က မထွက်ဘူးထင်တယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့အစ်မ ထွက်တယ်၊ နောက်ဆုံးကား ထွက်တယ်။ နောက်ကျတော့ အစ်မ ၁၉၇၃ ခုနှစ်

ရောက်တဲ့အခါကျတော့ အစ်မက ‘တိမ်ဦးလေပြေ မောင့်ကိုစေ’ နော် ကိုဝင်းဦး နဲ့။

ဒေါ်ခင်ယုမေ။ ။ အဲဒါတုန်းက မအိုင်ရင်းလေ အတင်းလာငှားလို့။

ကြည်စိုးထွန်း။ ။ လိုက်လည်း လိုက်ပါတယ် ။ အဲဒီကားလေး ကောင်းလည်း ကောင်းတယ်နော်။ ထူးဆန်းတာပေါ့နော်။ အဲဒီအထဲ

မှာ အစ်မက အရင်က သီချင်းဟောင်းတစ်ပုဒ်ကို ပြန်ဆိုတာ တော်တော့်ကို...။

ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ် အမေကြည်သီချင်းလေ။ အမေကြည် သီချင်းက သူက အရင်က ဓာတ်ပြားပဲလေ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ အမေကြည်က ကြာလည်းကြာပြီလေ အစ်မတို့ ငယ်ငယ်လေးကတည်းက။

ကြည်စိုးထွန်း။ ။ သက်ဆိုင်သူသို့ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ အစ်ကိုလေး ရေးတာလေ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ ဓာတ်ပြားထွက်တာကြာပြီပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ နှစ်ကြာတော့ လူလည်း မသိတာအကုန်လုံးပေါ့ အဲဒီ အထဲမှာ ထည့်သုံးလိုက်တော့ အစ်မတို့ ပြန်ဆို

ခိုင်းတော့ သက်ဆိုင်သူသို့ သက်ဆိုင်သူသို့ နာမည်အတော်ကြီးသွားတာ။

ကြည်စိုးထွန်း။ ။ တအားကောင်းတာ အစ်မဆိုတာလည်း ကောင်းတယ်။

ဒေါ်ခင်ယုမေ။ ။ ဟိုလူကလည်း သက်ဆိုင်သူ ဒီလူကလည်း သက်ဆိုင်သူ သက်ဆိုင်သူပိုင်ရှင်တွေ ပေါသွားတော့

မူရင်းပြန်ဖော်တဲ့သူက မသိတော့ဘူးပေါ့။

ကြည်စိုးထွန်း။ ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ သိနေတာပဲ ကြည့်ရ တာကိုး။ အဲဒီမှာလည်း သက်ဆိုင်သူသို့က ပိုပြီးတော့

ပြန်ပြီး ခေတ်စားလာတာပေါ့နော်။ ခေတ်စားလာပြီးတော့ လူကြိုက် များလာတာ အခုထိပါပဲ ပြန်ပြန်ဆိုနေတာနော်။ အဲဒီတော့ အစ်မတို့ ခုနက ပြောသလို အစ်မတို့ ဆိုတယ်၊ ဆိုတာတောင်မှ တချို့ကလေးတွေကျ မသိတော့ ဘူးပေါ့။ ကျွန်တော်တို့ကတော့ အမှန်တော့ ဒါတွေကိုပြန်ပြီးတော့ထုတ်ဖော် ချင်လို့ ဒီ Movie Talk လေးကို ကျွန်တော်ကလုပ်တာပေါ့ အစ်မရယ် ရုပ်ရှင်စကားဝိုင်းလေးကို။ ဘာလို့လဲဆိုတော့ ရှေးတုန်းက လုပ်ကိုင်သွားတဲ့ ရုပ်ရှင်ပညာသည်ကြီးတွေကလည်း ပေါ့ပေါ့တန်တန် လုပ်မသွားဘူး။ အနုပညာနဲ့ပတ်သက်လာရင် ခုနကပြောသလို ဂီတမှာပဲ ကြည့်ကြည့်၊ သရုပ်ဆောင်မှာပဲ ကြည့်ကြည့်၊ အကုန်လုံးပေါ့နော် Directing ကြည့်ကြည့်၊ ဓာတ်ပုံမှာပဲ ကြည့်ကြည့် တကယ်ကိုလုပ်သွားနိုင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော်ပြောချင်တာ။ အဲဒီလို ပြောခြင်းအားဖြင့်လည်း ဒီခေတ်မှာရှိတဲ့ လူငယ်တွေ အားကျစေချင်တယ်။

ဒေါ်ခင်ယုမေ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ ဘာဖြစ်လို့ အားကျစေချင်လဲဆိုတော့ ကျွန်တော်တို့ခေတ်၊ ကျွန်တော့် နောက်က ကျွန်တော့် ညီငယ် ညီမငယ်များ

ခေတ်ကျမှ ညံ့မယ်ဆို ဘယ်ကောင်းပါ့မလဲ အစ်မရယ် မညံ့စေချင်ဘူးပေါ့။

ဒေါ်ခင်ယုမေ။ ။ အင်းပေါ့။

ကြည်စိုးထွန်း။ ။ မညံ့စေချင်လို့ ကျွန်တော့်ရုပ်ရှင်စကားဝိုင်းလေးမှာ ကျွန်တော်က ရှေးတုန်းက လူကြီးတွေ ဘယ်လိုကြိုးစား

တယ်ဆိုတာ ပြောပေးနေတာ အစ်မရယ်။ အစ်မတို့နဲ့တွေ့တာက အဲဒီလိုပဲ အစ်မရဲ့အိုက်တင်၊ အစ်မတို့ ဘယ်လိုကြိုးစားခဲ့ရတယ်၊ ဘယ်လောက်အထိ ဒီဟာကို ထိန်းထားခဲ့ရတယ် ဆိုတာကို ဒါလေးတွေ သိစေချင်လို့ ဒီကဏ္ဍလေးကိုကြိုးစားပြီး ပြောနေတာ အစ်မရေ အဲဒါပါပဲ။ ၁၉၇၅ ခုနှစ်ကျတော့ အစ်မနောက်ထပ် အကယ်ဒမီ ဆုရတယ်၊ ကောင်းလည်း ကောင်းတယ် ဆရာဦးသုခရဲ့ ‘ရွှေချည် ငွေချည်တန်းပါလို့’။ အင်မတန်ကောင်းတာ အစ်မရယ်။

ဒေါ်ခင်ယုမေ။ ။ အဲဒါပြီးတော့ ‘ချစ်အမျှ’ လာတယ်နော်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့အစ်မ။

ဒေါ်ခင်ယုမေ။ ။ ‘ချစ်အမျှ’ကတော့ အရင်မေရှင်ရယ် မေမြင့်ရယ်။

ကြည်စိုးထွန်း။ ။ ဦးတင်မောင်ရယ်။

ဒေါ်ခင်ယုမေ။ ။ မေမြင့်က မချိုပေါ့။

ကြည်စိုးထွန်း ။ ။ ကျွန်တော်မှတ်မိနေတယ် အရင်ဟာကတော့ ကျွန်တော်မကြည့်ဖူးဘူး။

ဒေါ်ခင်ယုမေ ။ ။ ဦးတင်မောင်က ဇော်လင်းပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ ဇော်လင်းလည်း အဲဒီမှာ တော်တော်ကောင်းပါတယ်။

ကြည်စိုးထွန်း ။ ။ အစ်မက မေရှင်နေရာမှာ လုပ်ရတယ်နော်။

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ် မေရှင်နေရာ။

b စာမျက်နှာ ၂၂ မှ

ကြည်စိုးထွန်း။ ။ မေရှင်နေရာမှာလုပ်ရတယ်။ မချိုက မေမြင့်နေရာမှာ လုပ်ရတယ်။ အရင်ကားလည်း ကောင်းတာပဲ။

အစ်မတို့ကျတော့ ပိုကောင်းတာပေါ့၊ အကြံတူနောက်လူသာစမြဲကိုး။ နောက် ဆရာဦးသုခကိုင်တာဆိုတော့ ပိုကောင်းတာပေါ့ အစ်မရယ်။

ဒေါ်ခင်ယုမေ။ ။ သူ့ဇာတ်ညွှန်းပဲကိုး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ ဟိုတုန်းကလည်း သူ့ဇာတ်ညွှန်းပဲကိုး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ ဒီခေတ်ဆိုတော့ ဒီခေတ်နဲ့လိုက်တာလေးတွေ ပြန်ထည့်တာပေါ့။

ကြည်စိုးထွန်း။ ။ ခုနက ‘ရွှေချည်ငွေချည်တန်းပါလို့’ က အစ်မလည်း ရတယ်။ ဒေါ်မေနွဲ့လည်းရတယ်။ ဒါရိုက်တာလည်း

ရတယ်။ ကားလည်းရတယ်နော် အစ်မ။

ဒေါ်ခင်ယုမေ။ ။ ကားထုပ်လည်း ရတယ်။

ကြည်စိုးထွန်း။ ။ လေးဆုရတာ အဲဒီကားကနော်။

ဒေါ်ခင်ယုမေ။ ။ ဆရာ့ကားတွေကတော့ အနည်းဆုံး နှစ်ဆုက အသာလေးပဲ နှစ်ဆု၊ သုံးဆုဆိုတာ။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်။

ဒေါ်ခင်ယုမေ။ ။ အဲဒီတုန်းက ဘယ်လောက်လဲ လေးဆုလား။

ကြည်စိုးထွန်း။ ။ လေးဆုလေ။ အစ်မနဲ့လည်း လိုက်တယ်အစ်မရဲ့။ ဘာလို့လဲဆိုတော့ အစ်မတို့က အငြိမ်လုပ်နိုင်တယ်။

အိုက်တင်ကို သရုပ်မှန်ပေါ့နော် အိုဗာမဖြစ်ဘူးပေါ့နော်။ မှန်မှန်လေးလုပ်နိုင်တဲ့ သူနဲ့ အဲဒီလိုနေရာလေးနဲ့ ဦးသုခလိုလူနဲ့ တအားကြည့်ကောင်းတာပဲ၊ နှစ်ကား စလုံးပါပဲ ကြည့်ကောင်းတယ်။ လိုက်လည်းလိုက်တယ်။ ဒါကြောင့်မို့လည်း အကယ်ဒမီရတာပေါ့လေ။ နောက်ကားပါ ရဖို့ကောင်းတယ်နော် ‘ချစ်အမျှ’။

ဒေါ်ခင်ယုမေ။ ။ နောက်ကားလည်း ပါတယ်လေ။ ပါပေမဲ့ ဦးမြင့်စိုးက ပြောတယ် အဲဒီတုန်းက နှစ်ယောက်မပေးဘူးလေ။

ကြည်စိုးထွန်း။ ။ မပေးဘူး။

ဒေါ်ခင်ယုမေ။ ။ အခုလို နှစ်ယောက်ပေးရင်ရပြီပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်အစ်မ။

ဒေါ်ခင်ယုမေ။ ။ မေက ရွှေချည်ငွေချည်မှာရထားတော့ တကယ်ပေးမယ် ဆိုရင် နှစ်ယောက်စလုံး ပေးချင်ပါတယ်တဲ့ ဦးမြင့်စိုးက။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ ဒါပေမဲ့တဲ့ မေက ရွှေချည်ငွေချည်မှာရထားတယ် ဆိုတော့ မချိုကိုပေးလိုက်တယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါလို့။

ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပေါ့။

ဒေါ်ခင်ယုမေ။ ။ ကိုယ့်ကို ပွဲကြည့်ပရိသတ်က ကြိုက်တယ်ဆို ပြီးတာ ပဲလို့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ ကိုယ်လုပ်ထားတာလေးတစ်ခု မမေ့ဘူးပေါ့။ ဥပမာ ‘ပန်းတွေနဲ့ဝေ’ အပြင်သွားရင် ခင်ယုမေ မခေါ်တော့

ဘူး၊ မမေမခေါ်ဘူး၊ မဝေ မဝေ အဲဒီလိုပဲ။

ကြည်စိုးထွန်း။ ။ ကောင်းတယ်အစ်မ အဲဒီကားလည်း ကိုဝဏ္ဏ။

ဒေါ်ခင်ယုမေ။ ။ ‘ပုလဲမျက်ရည်’ တုန်းက အမာ အမာ ဇာတ်ကားထဲက နာမည်ပဲခေါ်တော့တယ်လေ အဲဒီလိုပေါ့။

ကြည်စိုးထွန်း။ ။ ဇာတ်ကောင်နေရာကို ရောက်သွားတာလေ။

ဒေါ်ခင်ယုမေ။ ။ ဇာတ်ကောင်ကိုပဲ သူတို့က ခေါ်တော့တယ် အဲဒီလိုမျိုး။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်အစ်မ ခုနက ကျွန်တော်တို့ ‘ပန်းတွေနဲ့ဝေ’ ကျန်နေခဲ့တယ်။

ဒေါ်ခင်ယုမေ။ ။ ‘ပန်းတွေနဲ့ဝေ’လေ။

ကြည်စိုးထွန်း။ ။ ကိုညွန့်ဝင်းလေ ကောင်းလိုက်တာ။

ဒေါ်ခင်ယုမေ။ ။ သူက ညက်ညက်ကလေးနဲ့ မောင်ဝဏ္ဏလေ မောင်ဝဏ္ဏ ဆိုတော့။

ကြည်စိုးထွန်း။ ။ ကိုအောင်လွင်လည်း ပါတယ်နော်။

ဒေါ်ခင်ယုမေ။ ။ ကိုအောင်လွင်လည်း ပါတယ်။

ကြည်စိုးထွန်း။ ။ ကိုအောင်လွင်နဲ့ အိမ်ထောင်ကျပြီးနောက် ကိုအောင်လွင် က ဆုံးသွားတာနော်။

ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ကိုညွန့်ဝင်းနဲ့ပြန်တွေ့။

ဒေါ်ခင်ယုမေ။ ။ အဲဒါလည်းလေ သူက စိတ်ဝင်စားစရာကောင်းတယ် မသိရင် ညွန့်ဝင်းနဲ့ ရည်းစားမှမဟုတ်တာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ သံယောဇဉ်ပေါ့။

ဒေါ်ခင်ယုမေ။ ။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်စိတ်ထဲကကို ကြိုက်နေကြတာ ခင်မင်နေကြတာ။ ရည်းစား

မဟုတ်ဘူး။

ကြည်စိုးထွန်း။ ။ ကိုဝဏ္ဏကိုက အဲဒါမျိုးတွေ ဘယ်လောက်များလဲမှ မသိတာ။

ဒေါ်ခင်ယုမေ။ ။ မောင်ဝဏ္ဏက သူက အဲဒါမျိုးလေး ညက်ညက်လေး။

ကြည်စိုးထွန်း။ ။ သူက အဲဒါမျိုးလေး တက္ကသိုလ်မှာလေ မိန်းမတွေ ဘယ်လောက်ကြိုက်လာမှန်းမှ မသိတာနော်။ သူ

ခိုးခိုးပြီးကြိုက် သိအောင်ပြောပြီဟုတ်လား။ သူ့ကို ဒီလိုစမှရမှာ ကောင်းတယ် သိပ်ကောင်းတယ်။

ဒေါ်ခင်ယုမေ။ ။ သူကအေးအေးလေးနဲ့ သူ့စိတ်ကူးနဲ့သူလေ အနုအညက်လေး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ ပန်းတွေနဲ့ဝေ သီချင်းဆို ခေတ်စားတာ အခုထက်ထိပဲ။

ကြည်စိုးထွန်း။ ။ Directing လုပ်တယ်ဆိုတာ အစ်မကတော့ပိုသိမှာပေါ့။ ကျွန်တော်ကတော့ပုံလေးတွေ ကြည့်ရတာပေါ့။

ဒါရိုက်တာလုပ်တယ်ဆိုတာ ဒီလိုဘာညာ ရှင်းပြနေတဲ့လူတွေ များတယ် မဟုတ်လား။ ဟာဘယ်လိုလုပ်ရမယ် စာရွက်ပြပြီးတော့ သူကအဲဒီလိုပုံ မဟုတ်ဘူး အစ်မ။

ဒေါ်ခင်ယုမေ။ ။ မဟုတ်ဘူး ။

ကြည်စိုးထွန်း။ ။ ကျွန်တော်သူ့တွေ့တဲ့ပုံက ဒီလိုလေး ဟားဟားဟား။

ဒေါ်ခင်ယုမေ။ ။ ဒါဒီလို ဒါဒီလိုအစ်မ ဒါလုပ်နော်အဲဒါ။

ကြည်စိုးထွန်း။ ။ တိုးတိုးတိုးတိုးနဲ့။

ဒေါ်ခင်ယုမေ။ ။ တိုးတိုးတိုးတိုးပဲ။

ကြည်စိုးထွန်း။ ။ သူ့ကျ အကျယ်ကြီးပြောရတယ်။

ဒေါ်ခင်ယုမေ။ ။ အဲဒီတုန်းကလေ နွေရာသီကျောင်းပိတ်တော့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ။ ။ သီရိဆောင် ဟုတ်လား။ အစ်မတို့သီရိဆောင် အဲဒီ အဆောင်တစ်ခုလုံး အကုန်ပြန်သွားကြပြီ။ အဲဒီမှာ

သွားပြီး တစ်လလုံးလုံး အပိုင်စီးပြီး အဲဒီမှာ ရိုက်နေတာလေ။

ကြည်စိုးထွန်း။ ။ ကောင်းလိုက်တာနော် အဲဒီတုန်းက ရိုက်ခွင့် ရတယ်နော်။

ဒေါ်ခင်ယုမေ။ ။ အဝင်၊ အထွက်တွေ ရိုက်တယ်။

ကြည်စိုးထွန်း။ ။ ဒါမှလည်း တက္ကသိုလ်ရိုက်တယ်ဆိုရင် တက္ကသိုလ်ရဲ့ အငွေ့အသက်ပေါ့။ အနည်းဆုံး အစ်မရယ် ကံ့ကော်

ပင်လေး မြင်ရတယ်။ ကံ့ကော်နံ့လေး ရှူရတာနဲ့ တက္ကသိုလ်ပရဝဏ်နဲ့ ဆိုတာကိုက။

ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ ကိုယ့်စိတ်ထဲ ကိုယ်က တက္ကသိုလ်ကျောင်းသူဖြစ်သွား တယ် ဟုတ်တယ်မဟုတ်လား။

ဒေါ်ခင်ယုမေ။ ။ လမ်းလျှောက်တာတို့ ဘာတို့ အကုန်လုံး တက္ကသိုလ် ပဲလေ။ (ဆက်လက်ဖော်ပြပါမည်)